
နေပြည်တော် ဇန်နဝါရီ ၄
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြ ကွင်း၌ ကျင်းပသည်။
မိန့်ခွန်းပြောကြား
အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ စစ်သမီးများ တက်ရောက်ကြပြီး အခမ်းအနား တွင် နိုင်ငံတော်အလံ အလေးပြု ခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေး ပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် မိန့်ခွန်းပြောကြား သည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပျော်ပွဲရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားနည်းများအလိုက် ဆုရ ရှိသူများအား ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ စခန်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရှိရသည်။
ကျင်းပပြုလုပ်
အလားတူ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်များ အလိုက် ကျင်းပပြုလုပ်ကြရာ တိုင်းစစ်ဌာန ချုပ်များမှ ဒုတိယ တိုင်းမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် ကြပြီး အခမ်းအနားကို စစ်ရေးပြ အစီအစဉ်အတိုင်း ကျင်းပပြုလုပ် ကြသည်။
ဆုများပေးအပ်
ထို့ပြင် တိုင်းစစ်ဌာနချုပ် များအလိုက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများကို ကျင်းပပြီး အားကစားပြိုင်ပွဲများအလိုက် ဆု ရရှိသူများအား ဒုတိယတိုင်းမှူး များနှင့် တာဝန်ရှိသူများ က ဆုများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်