(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဒုတိယနေ့ဆက်လက်ခင်းကျင်းပြသ ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု

 

နေပြည်တော်   ဇန်နဝါရီ   ၅


(၇၅)    နှစ်မြောက်     စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊    တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည် တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်းပြသထားရာ  ကျောင်း သား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ် ရေးနေ့    ဂုဏ်ပြုအခမ်းအနားတွင်   သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူ များ   တစ်ခဲနက်   လာရောက်လေ့လာ  ကြည့်ရှုကြ သည်။

 


ဗဟုသုတများ မျှဝေ


ပြခန်းများနှင့်အရောင်းဆိုင်များရှိရာ  တပေါင်း ကွင်းအတွင်းသို့ လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နွေးထွေး စွာ ကြိုဆိုကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများကို အဖွဲ့လိုက် မျှဝေပေးကြသည်။ 

 


ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အခမ်းအနားတွင်   ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးနှင့်  ဝန်ကြီးဌာနများမှ  ဂုဏ်ပြုယာဉ်များ တွင်လည်း ပြည်သူများ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုဓလေ့ထုံးတမ်းများကို   ချစ်ခင်တန်ဖိုးထားတတ် စေရန်ရည်ရွယ်၍ ဒေသအလိုက် တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊    လူနေမှုစရိုက်များ၊  ဓလေ့ ထုံးတမ်းအစဉ်အလာများ၊ ဒေသထွက်ကုန်များနှင့် ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များကို သရုပ်ဖော်ပြသပေးထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီး ဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှု ကြသည်။ 

 


ပြပွဲသို့ လာရောက်လေ့လာကြသူများအနေဖြင့် လည်း လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထား သည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှ သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။ 

 


အထူးပျော်ရွှင်စရာ အစီအစဉ်အနေဖြင့် တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊   ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို   ပေါ်လွင်စေသည့်  သီချင်းများ၊ မျိုးချစ်စိတ်နှင့်    ဇာတိမာန်ကို  တက်ကြွစေမည့် သီချင်းများ၊ ရိုးရာသိုင်းအကအလှများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများ ရှေ့နှင့်   ပြခန်းများရှေ့တွင်  ကပြဖျော်ဖြေကြရာ လာရောက်လေ့လာကြည့်ရှုကြသည့်   ပြည်သူများ ကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ သီဆိုကခုန်ပါဝင်ဆင်နွှဲခြင်း ကြောင့်လည်း အထူးစည်ကားလှသည်။ 

 


ကြိတ်ကြိတ်တိုး ဝယ်ယူ


တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်း သားရိုးရာ     ဒေသထွက်အစားအသောက်များကို ပြည်သူများ  စိတ်ကြိုက်သုံးဆောင်နိုင်ရန်အတွက် လည်း         တိုင်းရင်းသားရိုးရာ   ဒေသထွက်အစား အသောက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး လျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်းသားအစား အသောက်များကို   စားသုံးနိုင်သည့်  အခွင့်အရေး ဖြစ်သည့်အတွက်     ပြည်သူများ   စိတ်ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူစားသုံးကြသည်။

 


ထို့ပြင် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အထိမ်း အမှတ်ပစ္စည်းများကို    ပြည်သူများ  အမြတ်တနိုး တန်ဖိုးထား   ဝယ်ယူဝတ်ဆင်နိုင်စေရန်အတွက် လည်း  ရိုးရာဝတ်စုံများနှင့်  အထိမ်းအမှတ်ပစ္စည်း များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစား   တစ်ခဲနက်  ဝယ်ယူအားပေးသူများ ဖြင့်လည်း စည်ကားလှသည်။ 

 


စိတ်ဝင်စားစွာဖြင့် လေ့လာ


နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် အထိမ်းအမှတ်ပြခန်းများ တွင်လည်း   တန်ခိုးကြီးဘုရားပုံစံငယ်များ၊  ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာဓာတ်ပုံများ၊   ဝတ်စား ဆင်ယင်မှုသရုပ်ဖော်ပုံစံများ၊ ဒေသထွက်လူမှုအသုံး အဆောင်ပစ္စည်းများနှင့်    စားသောက်ကုန်များ၊ လက်မှုနှင့်   စက်မှုပညာပစ္စည်းများ၊    အပန်းဖြေ လည်ပတ်အနားယူနိုင်သည့် အထင်ကရနေရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထင်ရှား ကျော်ကြားသူများ၏  ဓာတ်ပုံများ၊  မြတ်နိုးတန်ဖိုး ထားထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ နှင့် အဆောက်အအုံပုံစံငယ်များကို ခင်းကျင်းပြသ ထားပြီး  နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု များကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန်အတွက်လည်း ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြုပြခန်း များကို ပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အထူးစိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြသည်။ 

 


ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ် များ စိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်း များတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ် များ၊ ပဟေဠိဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင် ပါဝင်ဆင်နွှဲရသည့်   ဂိမ်းကစားခြင်းအစီအစဉ်များ နှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများ ကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။ 

 


ပြည်သူများ ပါဝင်ဆင်နွှဲ


ဖျော်ဖြေရေးအစီအစဉ်များအဖြစ်  ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့်   ခေတ်ပေါ် တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဦးစီး ဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍ လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။ 

 


အဆိုပါဂုဏ်ပြုယာဉ်များနှင့်   ပြခန်းများသို့ လာရောက်ကြည့်ရှုသည့်      အများပြည်သူများ ဘေးအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးစောင့်ရှောက် မှုအပြည့်အဝပေးထားသည့်အပြင်    ကျန်းမာရေး ချို့ယွင်းမှု     တစ်စုံတစ်ရာဖြစ်ပေါ်လာပါကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ   ပေးနိုင်ရန်လည်း ဆေးခန်းများ ဖွင့်လှစ်ထားသည်ကို တွေ့ရှိရသည်။

 


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနအနေဖြင့် ပြပွဲသို့လာရောက်ကြသည့် ပြည်သူများကို    စာပေဗဟုသုတအသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်၍    သုတ၊   ရသဆိုင်ရာ စာအုပ်များကို စာပေဗိမာန်ရွေ့လျားအရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကိုလည်း တွေ့ရသည်။ 

 


အခမဲ့လာရောက်လေ့လာနိုင်


အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာန များအလိုက်    ကိုယ်စားပြုဂုဏ်ပြုယာဉ်   ၂၆  စီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့   ဂုဏ်ပြုယာဉ် တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ် တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ် ငါးစီး စုစုပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတို့ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ရာ  မိဘပြည်သူများ အခမဲ့လာရောက်လေ့လာကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 


သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ- ကိုကိုအေး