(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေအပ်နှင်းခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၁


(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့်   တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ   ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက်   တိုင်းဒေသကြီး/ပြည်နယ်  တိုင်းရင်းသားရေးရာ ဝန်ကြီးများအား    တာဝန်ခွဲဝေ အပ်နှင်းခြင်း   အခမ်းအနားကို ယနေ့   နံနက်   ၁၀  နာရီခွဲတွင် တိုင်းရင်းသား  လူမျိုးများရေးရာ ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ   ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/      ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


စနစ်တကျဖြေရှင်း


ပထမဦးစွာ     ပြည်ထောင်စု ဝန်ကြီးက   ယခုကဲ့သို့ တာဝန်ခွဲဝေ အပ်နှင်းခြင်းဖြင့်  တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ တိုင်းရင်းသား များ၏   လူမှုစီးပွားဘဝ    ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ   ပိုမို ဆောင်ရွက်လာနိုင်ပြီး တိုင်းရင်း သားအချင်းချင်း      သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို လည်း            စနစ်တကျဖြေရှင်း ဆောင်ရွက်     လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်   တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကျင်းပ  ပြီးမြောက်သည်အထိ အတူတကွ ပူးပေါင်းဆောင်ရွက် ခွင့်ရသည့်အတွက်လည်း များစွာ ဂုဏ်ယူမိပါကြောင်း၊    တိုင်းရင်း သားလူမျိုးများအားလုံး စည်းလုံး ညီညွတ်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ရရှိရေး၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ မိမိတို့၏ တိုင်းပြည်နှင့်      တိုင်းရင်းသား လူမျိုးများအားလုံး  ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်   ကြိုးပမ်း ဆောင်ရွက်      ပေးကြစေလိုပါ ကြောင်း  ပြောကြားသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  တိုင်းဒေသ ကြီး/  ပြည်နယ်   တိုင်းရင်းသား  ရေးရာဝန်ကြီးများ        အနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အငြင်းပွားမှုများ   ပေါ်ပေါက်လာပါက  ဥပဒေ၊  နည်း ဥပဒေများနှင့်အညီ  ဖြေရှင်းပေး ကြစေလိုပါကြောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးများကို တာဝန်ခွဲဝေ အပ်နှင်းခြင်းဖြင့်   တိုင်းရင်းသား များ၏  လူမှုစီးပွားဘဝ  ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့်        တိုင်းရင်းသား စည်းလုံး    ညီညွတ်မှုခိုင်မာလာ မည်ဖြစ်ပြီး   ငြိမ်းချမ်းသာယာ၍  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


တာဝန်ခွဲဝေအပ်နှင်းပေးအပ်


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက      ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ   ဝန်ကြီး ဦးကျော်မင်းခိုင်၊ ကယားပြည်နယ် တိုင်းရင်းသားရေးရာ     ဝန်ကြီး ဦးတင်လှ၊       ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ   ဝန်ကြီး ဦးစန်းကို၊ ချင်းပြည်နယ် တိုင်းရင်း သား ရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စစ်ကိုင်းတိုင်း‌ဒေသကြီး      တိုင်းရင်း သားရေးရာဝန်ကြီး   ဦးစိုင်းနိုင် နိုင်ကျော်၊ တနင်္သာရီတိုင်းဒေသကြီး  တိုင်းရင်းသား   ရေးရာဝန်ကြီး           ဦးစောမာတင် လူသာ၊ ပဲခူးတိုင်း ဒေသကြီး   တိုင်းရင်းသားရေးရာ ဝန်ကြီး    ဦးစောလင်းအောင်၊ မကွေးတိုင်းဒေသကြီး    တိုင်းရင်း သားရေးရာဝန်ကြီး    ဦးထွန်းခင်၊ မန္တလေးတိုင်းဒေသကြီး  တိုင်းရင်း သားရေးရာဝန်ကြီး          ဦးစိုင်းနွမ်၊ မွန်ပြည်နယ်   တိုင်းရင်းသား ရေးရာဝန်ကြီး   ဦးခင်မောင်ဦး၊ ရခိုင်ပြည်နယ်    တိုင်းရင်းသား ရေးရာဝန်ကြီး ဦးတင်လှ၊ ရန်ကုန် တိုင်းဒေသကြီး  တိုင်းရင်းသား ရေးရာဝန်ကြီး            ဦးစောဂျက် ကော့ထူး၊            ရှမ်းပြည်နယ် တိုင်းရင်းသား       ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊   ဧရာဝတီ တိုင်းဒေသကြီး     တိုင်းရင်းသား ရေးရာဝန်ကြီး    ဦးစောလင်းခယ် တို့ကို  တစ်ဦးချင်းစီ တာဝန်ခွဲဝေ အပ်နှင်းလွှာများ  ပေးအပ်သည်။

 


ထို့နောက်   တိုင်းဒေသကြီး/ ပြည်နယ်   တိုင်းရင်းသားရေးရာ ဝန်ကြီးများကိုယ်စား     ကချင် ပြည်နယ်   တိုင်းရင်းသားရေးရာ ဝန်ကြီး      ဦးကျော်မင်းခိုင်က ကျေးဇူးတင်စကား   ပြောကြား သည်။                    

သတင်းစဉ်