(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို မိုးညိုမြို့နယ် အိုးဘိုအုပ်စု ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ

 

မိုးညို   ဇန်နဝါရီ   ၁၆


(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပဲခူးတိုင်းဒေသကြီး   မိုးညိုမြို့နယ်   အိုးဘိုအုပ်စု ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်း အနားကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ အတွင်းရှိ   လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး မြို့ပြနှင့်ကျေးလက်  လူနေမှုဘဝ ကွာခြားမှုမရှိစေရေး ကျေးလက်လမ်း/တံတားနှင့် အခြေခံအဆောက်အအုံများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာ မည်ဖြစ်သလို ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်ပြီး ဒေသတွင်းရှိသည့် ထွက်ကုန် သီးနှံကုန်ပစ္စည်းများ အချိန်တိုအတွင်း ရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်၍  ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းနှင့် တံတားရေရှည်တည်တံ့ခိုင်မြဲစေရေး  ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ဒေသခံပြည်သူတစ်ဦးက မိုးညိုမြို့နယ် အိုးဘိုအုပ်စု ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး တံတားဖွင့်ပွဲအထိမ်း အမှတ် အမှတ်တရလက်ဆောင်ပစ္စည်းကို  တိုင်း ဒေသကြီး   ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရပ်မိ/ရပ်ဖတစ်ဦးထံ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။

 


ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင် ကြည်နှင့်    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်သန်းတို့က မိုးညို မြို့နယ် အိုးဘိုအုပ်စု ဘုရားဖြူ ချောင်းကူးကွန်ကရစ် တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တံတား ပေါ်  ဖြတ်သန်းကြည့်ရှုကြပြီးနောက် ဖျော်ဖြေရေး အဖွဲ့အတွက် ငွေကျပ် သုံးသိန်း၊ အိုးဘိုကျွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် နှစ်သိန်း ပေးအပ်ပြီး ဒီပါဧ ဆုတောင်းပြည့်ဘုရားကြီး ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့၍  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   နေ့ဆွမ်း    ဆက်ကပ် လှူဒါန်းသည်။

 


မိုးညိုမြို့နယ် အိုးဘိုအုပ်စု ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတားသည် အရှည် ပေ ၂၈၀၊ အကျယ် ပေ  ၂၀ သံကူကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့   ခွင့်ပြုရန်ပုံငွေကျပ်    ၆၆၅ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းအရှည် စုစုပေါင်း ၄၀၂  မိုင် ၁ ဖာလုံ၊ တံတားစုစုပေါင်း ၁၇၄ စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) လမ်းအရှည် စုစုပေါင်း ၇၈ မိုင် ၄ ဖာလုံ၊ တံတားစုစုပေါင်း ၆၄ စင်းတို့အား ဆောင်ရွက်ပေး လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် လမ်း အရှည် စုစုပေါင်း ၁၉၁ မိုင် ၃ ဖာလုံနှင့် တံတား စုစုပေါင်း ၇၈ စင်းအား တည်ဆောက်ပေးသွားရန် လျာထားလျက်ရှိကြောင်း သိရသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညိုမြို့နယ် မယင်းငယ်ရွာ တောင်သူ ဦးစိုးသန့်ခိုင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ မှုဖြင့်     သီးထွက်သီးနှံ   နေကြာသီးညှပ်စိုက်ပျိုး အောင်မြင်နေမှု၊  မင်းလှမြို့နယ် ပန်းဇံမြောင်း၊ မုက္ခာ ချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်တွင် ရေတံခါးများ တပ်ဆင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။                              

တင်စိုး(ပဲခူး)