
မန္တလေး ဇန်နဝါရီ ၂၆
(၇၅) နှစ်မြောက် အိန္ဒိယသမ္မတ နိုင်ငံတော်နေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို မန္တလေး မြို့ ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ၁၀၂ (အေ) လမ်းထောင့်ရှိ အိန္ဒိယဂေဟာ၌ ယနေ့နံနက် ပိုင်းက ကျင်းပသည်။
အဆိုပါ အထိမ်းအမှတ်အခမ်း အနားသို့ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် တာဝန် ရှိသူများ၊ မန္တလေးတက္ကသိုလ်၊ မြန်မာ့သတင်း အချက်လက်နှင့် နည်းပညာ တက္ကသိုလ်တို့မှ ပါမောက္ခဆရာ ဆရာမများ၊ တာဝန်ရှိသူများ၊ မန္တလေးမြို့မှ တိုင်းဒေသကြီး ကုန်သည်ကြီးများ နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ အိန္ဒိယ နွယ်ဖွားမိတ်ဆွေများ၊ အိန္ဒိယ ရိုးရာယဉ်ကျေးမှု အဆိုအကအဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အိန္ဒိယကောင်စစ် ဝန်ချုပ် H.E.Mr. Sundeep Kaushal က နိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွှင့်ထူအလေးပြု၍တက်ရောက်ကြသူများနှင့်အတူနိုင်ငံတော်သီချင်းကို ဂုဏ်ပြုသီဆို ကြသည်။ ဆက်လက်၍ အိန္ဒိယ ကောင်စစ်ဝန်ချုပ်မှ အိန္ဒိယနိုင်ငံ သမ္မတကြီးထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး ယဉ်ကျေးမှုအဆိုအက အဖွဲ့ဝင် တို့က ဇာတိမာန်တေးသီချင်းနှင့် ရိုးရာအကအလှတို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ် က သီဆိုကပြကြသည့် ယဉ်ကျေး မှုအဖွဲ့တို့ကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသည့် ဧည့် သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး နေ့လယ် စာ အိန္ဒိယအစားအစာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရ သည်။
တင်မောင်-မန်း