(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ

 

မြစ်ကြီးနား   ဇူလိုင်  ၁၉


(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီ နှင့်ကဗျာရွတ်ပြိုင်ပွဲ၊    ဆုပေးပွဲအခမ်းအနားကို   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြစ်ကြီးနားခရိုင်နှင့်   ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြစ်ကြီးနားမြို့  လူထု အခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

 


ရှေးဦးစွာ  လူထုအခြေပြုဗဟိုဌာန  ကလေးစာဖတ်ခန်း၌   ပန်းချီ ပြိုင်ပွဲတွင်  မူလတန်းအဆင့်  ကျောင်းသား ကျောင်းသူ ၁၅ ဦးနှင့် စာကြည့်တိုက်ခန်းမ၌  ကျင်းပသည့် ကဗျာရွတ်ပြိုင်ပွဲတွင်   မူလတန်း အဆင့်   ကျောင်းသား ကျောင်းသူ   ၁၀  ဦးတို့က   ဝင်ရောက်ယှဉ်ပြိုင် ကြသည်။

 


ထို့နောက်    တက္ကသိုလ်အဆင့်   ဗိုလ်ချုပ်ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့    ဝင်ရောက်ယှဉ်ပြိုင်ကြပြီး    အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဗိုလ်ချုပ်ကဗျာရွတ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား  ဆုတံဆိပ်နှင့်  အမှတ်တရလက်ဆောင် များ ချီးမြှင့်ပေးအပ်သည်။

 


ယင်းနောက်  ဘက်စုံသုံးခန်းမ၌ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် စာရေး ဆရာများက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  စာပေ စကားဝိုင်း ပြုလုပ်ကြသည်။

             
ယော်ဆောင်(ပြန်/ဆက်)