(၇၅)နှစ်မြောက် အာဇာနည်နေ့အကြို နံရံကပ်ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲပြုလုပ်

 

ကျောက်ဖြူ   ဇူလိုင်  ၁၆ 


ရခိုင်ပြည်နယ်  ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်  အခြေခံပညာ ဦးစီးဌာနတို့   ပူးပေါင်း၍  (၇၅)နှစ်မြောက်  အာဇာနည်နေ့အကြို နံရံကပ်ဓာတ်ပုံပြပွဲ၊     နံရံကပ် စာစောင်ပြပွဲ၊    စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို   ယနေ့   နံနက် ပိုင်းက  ကျောက်ဖြူခရိုင်  ရုံးလူထု အခြေပြုဗဟိုဌာနခန်းမ၌  ပြုလုပ်သည်။ 

 


အခမ်းအနားတွင်  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ  ဦးစီးအရာရှိ  ဒေါ်အောင် တင်ကြည်က ဗိုလ်ချုပ်အောင်ဆန်း နှင့်    အာဇာနည်ခေါင်းဆောင် ကြီးများ၏     အထ္တုပ္ပတ္တိများ၊ အာဇာနည်နေ့      ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ကျောင်းသား ကျောင်းသူများအား   ဟောပြောသည်။  

 


ထို့နောက် နံရံကပ်ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်   စာအုပ် ပြပွဲ       ခင်းကျင်းပြသထား၍ ကျောင်းသား     ကျောင်းသူများ  စိတ်ပါဝင်စားစွာဖြင့်   လေ့လာ ကြည့်ရှုကြသည်။


မြို့နယ် (ပြန်/ဆက်)