(၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း

Type

 

ဒေါက်တာခိုင်ခိုင်ဝင်း
 

 

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR)  ကို  အတည်ပြုပြဋ္ဌာန်း ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  ၁၀  ရက်နေ့ဆိုလျှင်ဖြင့် စိန်ရတု  (၇၅) နှစ် ပြည့်မြောက်တော့မည်     ဖြစ်ပါသည်။

 

 ကုလသမဂ္ဂ  (United   Nations) သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင်    စတင်ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း      (UN Charter) ဒုတိယအပိုဒ်တွင် “to reaffirm faith in fundamental human rights, in the dignity and worth of the human person, in the equal rights of men and women and of nations large and small”, “လူတို့၏ အခြေခံ လူ့အခွင့်အရေးများ၊ လူတို့၏ ဂုဏ်သိက္ခာ နှင့် တန်ဖိုးများ၊ အမျိုးသမီးနှင့်  အမျိုး သား၊   နိုင်ငံကြီးနှင့်  နိုင်ငံငယ်တို့တွင် တူညီသော  အခွင့်အရေးများရှိသည်ကို သက်ဝင်ယုံကြည်မှုရှိကြောင်း ထပ်လောင်း အတည်ပြုရန်”ဟု    ဖော်ပြထားသော် လည်း ဤအချက်မျှနှင့် မလုံလောက်ဟု လက်ခံယုံကြည်ကြသဖြင့် ကမ္ဘာ့လူ့အခွင့် အရေး  ကြေညာစာတမ်းကို   ရေးဆွဲရန် စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ 

 


ထောက်ခံမဲ ၄၈ မဲဖြင့် ပြဋ္ဌာန်း


၁၉၄၆    ခုနှစ်တွင်    ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်း ခဲ့ပြီး  အဆိုပါအဖွဲ့၏ တာဝန်ပေးမှုဖြင့် မစ်(စ်)အယ်လီနာရုစဗဲ့    (အမေရိကန် သမ္မတ   ရုစဗဲ့ကတော်)  ဦးဆောင်ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို  ထိုနှစ်တွင်ပင် စတင်ရေးဆွဲ ခဲ့ပါသည်။  ကြေညာစတမ်း၏  မူကြမ်း အား လူ့အခွင့်အရေးကော်မရှင် အစည်း အဝေးများတွင်    ပြင်ဆင်တည်းဖြတ် ရာတွင် ၁၉၄၇  ခုနှစ်  ဒီဇင်ဘာလတွင် ပထမအကြိမ်၊   ၁၉၄၈  ခုနှစ်  မေလတွင် ဒုတိယအကြိမ်နှင့် ၁၉၄၈ ခုနှစ် ဇွန်လ တွင် တတိယအကြိမ်  ပြင်ဆင်ခဲ့ကြပါ သည်။  စကားလုံးတိုင်း၊ အပိုဒ်တိုင်းနှင့် ပတ်သက်၍ အကြိမ်ပေါင်း  ၁၄၀၀ တိတိ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး    ၁၉၄၈   ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံ(UNGA)မှ  ထောက်ခံ မဲ  ၄၈ မဲ၊  ကြားနေမဲ ရှစ်မဲဖြင့် ကြေညာ ချက်ကို   အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထောက်ခံမဲပေးခဲ့သည့် နိုင်ငံများထဲတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ   ဖြစ်နေပြီဖြစ် သည့် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါသည်။ ကြေညာစာတမ်း အတည်ပြုခဲ့သည့်နေ့ ကို လူ့အခွင့်အရေးနေ့ (Human Rights Day) အဖြစ်  ၁၉၅၀ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ(UNGA)မှ သတ်မှတ် ခဲ့ပါသည်။ 

 


လူသားများ၏ 
တာဝန်ဝတ္တရားများအကြောင်း ဖော်ပြ


ကြေညာစာတမ်းတွင် အပိုဒ်ပေါင်း (၃၀)  ပါရှိပြီး  အပိုဒ် (၁) နှင့် (၂) သည် လူ့အခွင့်အရေးအားလုံး၏ အခြေခံများ၊ အပိုဒ် (၃)မှ (၂၁)အထိ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ၊ အပိုဒ် (၂၂) မှ (၂၇)   အထိ   စီးပွားရေး၊  လူမှုရေးနှင့်  ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် အပိုဒ် (၂၈) မှ (၃၀) အထိ  လူသားများ၏ တာဝန်ဝတ္တရားများအကြောင်းတို့ ဖော်ပြ ပါရှိပါသည်။ 

 


ကမ္ဘာ့လူ့အခွင့်အရေး    ကြေညာ စာတမ်း     ပေါ်ပေါက်လာခြင်းသည် လူသားများ၏   အရေးကြီးဆုံး  သမိုင်း မှတ်တိုင်တစ်ရပ်၊        လူသားများ၏ သမိုင်းဝင် လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။ ကြေညာစာတမ်းဖြစ်သည့် အတွက်   ဥပဒေအရ  စည်းနှောင်မှုမရှိ သော်လည်း လူ့အခွင့်အရေးနှင့်စပ်လျဉ်း ၍  စံနှုန်းများပါဝင်ပြီး လူသားအားလုံး၏ ဂုဏ်သိက္ခာနှင့်     တန်းတူညီမျှမှုတို့ကို အသိအမှတ်ပြုထားသည့်     ကြေညာ စာတမ်းကြီးဖြစ်ရာ      ကမ္ဘာကြီးတွင် ဤကြေညာစာတမ်းကို လူသားအားလုံး ကျယ်ကျယ်ပြန့်ပြန့်      သိရှိကြစေရန် အလို့ငှာ    ဘာသာပြန်ဆိုကြရာတွင် ဘာသာစကားပေါင်း   ၅၀၀   ကျော် ဘာသာပြန်ဆိုပြီး ဖြစ်ပါသည်။ 

 


  မျက်မမြင်လက်စမ်းစာအုပ် 
ပူးပေါင်းထုတ်ဝေ


ဘာသာပြန်ဆိုမှုအများဆုံး  ဂင်းနစ် စံချိန်ဝင်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၁၃ ခုနှစ်တွင် မြန်မာ ဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့် ယနေ့အချိန်အထိ တိုင်းရင်းသားဘာသာ ၂၁  မျိုးအထိ  ဘာသာပြန်ဆိုခြင်းတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏    စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယင်းအပြင် မသန်စွမ်း အမျိုးအစားတစ်ခုဖြစ်သည့် အမြင်အာရုံချို့တဲ့သူ    မသန်စွမ်းများ အတွက်     မျက်မမြင်လက်စမ်းစာအုပ် (Braille)ကို    မြန်မာနိုင်ငံ  အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မျက်မမြင် ကျောင်း  (ကြည့်မြင်တိုင်)တို့  ပူးပေါင်း ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ 

 


မြန်မာနိုင်ငံအနေဖြင့် 
ထောက်ခံခဲ့သည့် နိုင်ငံဖြစ်


လူသားအားလုံးသည် လွတ်လပ်သူ များအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာ နှင့်  အခွင့်အရေးများ  တန်းတူရည်တူ ရှိကြသည်ဆိုသည့် စာသားဖြင့် အစပြု ခဲ့ပြီး လူသားအားလုံးအတွက် အရေးပါ သည့်     အမွေအနှစ်ဖြစ်သော   ကမ္ဘာ့ လူ့အခွင့်အရေး    ကြေညာစာတမ်းကို အလေးပေးထင်ဟပ်  ဖော်ညွှန်းဂုဏ်ပြု သည့်အနေဖြင့်  ပြီးခဲ့သည့်   (၇၄)  နှစ် မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့မှစတင်ပြီး ယခုနှစ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေးနေ့ အထိ       တစ်နှစ်တာကာလပတ်လုံး ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များကို    75  UDHR Campaign   အမည်ဖြင့်  ဆောင်ရွက် သွားကြမည်ဖြစ်ရာ     နိုင်ငံတိုင်းသည် တက်ကြွစွာဖြင့် UDHR အသိပညာပေး လှုပ်ရှားမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြမည့်နည်းတူ မြန်မာနိုင်ငံ အနေဖြင့်လည်း   သမိုင်းဝင်ကြေညာ စာတမ်းကြီးကို ထောက်ခံခဲ့သည့် နိုင်ငံ ဖြစ်သည့်အားလျော်စွာ  အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ 

 


နိဂုံးချုပ်အားဖြင့်        “ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းကို ပြည်သူ အားလုံးက  ပိုမိုသိရှိနားလည်  သဘော ပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ် ပတ်သက်သည့်   အပြုသဘောဆောင် သော    သဘောထားအမြင်များ၊  ခံယူ လိုက်နာကျင့်သုံးမှုများ   ပိုမိုဖြစ်ထွန်း လာရေးအတွက် အသိပညာပေးလှုပ်ရှား မှုများနှင့်အတူ      လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့ အစည်းတစ်ရပ်    ဖြစ်ထွန်းလာစေရေး သက်ဆိုင်သူအားလုံးက        ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်   အလေးအနက် တိုက်တွန်းပါကြောင်း”   ၂၀၂၂   ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက် ခဲ့သည့်  (၇၄)  နှစ်မြောက် အပြည်ပြည် ဆိုင်ရာ    လူ့အခွင့်အရေးနေ့  အထိမ်း အမှတ်အခမ်းအနားတွင်     နိုင်ငံတော် ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်         ပြောကြားခဲ့သည့် မိန့်ခွန်းပါ ကောက်နုတ်ချက်ဖြင့် နိဂုံးချုပ် ရင်း   ပြည်သူအားလုံး   လူ့အခွင့်အရေး ကို   လေးစားလိုက်နာ  ကျင့်သုံးနိုင်ကြ ပါစေကြောင်း    ဆုမွန်တောင်းလိုက်ရ ပါသည်။      ။