(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ၅၈၈ ဦးကို သီရိလင်္ကာနိုင်ငံ လွတ်ငြိမ်းချမ်းသာခွင့်ပြု

 

ကိုလံဘို  ဖေဖော်ဝါရီ   ၄ 
သီရိလင်္ကာနိုင်ငံသည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်   သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ဖေဖော်ဝါရီ  ၄  ရက်တွင် အကျဉ်းသား   ၅၈၈  ဦးကို   လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ  ၃  ရက်တွင်   အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ 
အဆိုပါ အကျဉ်းသားများထဲမှ   ၅၅၇  ဦးမှာ   မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သောပြစ်မှုများကြောင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး ကျန် ၃၁ ဦးမှာ အခြားပြစ်မှုများကြောင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ရဲမင်းကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ ချန်ဒါနာ အီကာနာ ယာကီက ပြောသည်။ အဆိုပါ အကျဉ်းသားများမှာ အကျဉ်းကျခံနေစဉ် အတွင်း   ကောင်းမွန်စွာနေထိုင်ပြီး     စည်းကမ်းလိုက်နာမှုကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။ 
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်အခြေခံဥပဒေပုဒ်မ ၃၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းဂ်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လူသတ်မှု၊ ကြီးလေးသော မူးယစ်ဆေးဝါးပြစ်မှုများ၊ မုဒိမ်းမှုနှင့် လက်နက်ကိုင်ဓားပြ တိုက်မှုတို့မှာ ထိုလွတ်ငြိမ်းချမ်းသာခွင့်နှင့်  သက်ဆိုင်ခြင်းမရှိကြောင်း အီကာနာယာကီက ပြောသည်။ 
သီရိလင်္ကာနိုင်ငံသည် ယမန်နှစ်က လွတ်လပ်ရေးနေ့တွင် အကျဉ်း သား ၁၉၇ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။ သီရိ လင်္ကာနိုင်ငံသည်  ၁၉၄၈  ခုနှစ်  ဖေဖော်ဝါရီ ၄ ရက်တွင် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။                    ဆင်ဟွာ