
နေပြည်တော် ဒီဇင်ဘာ ၁၆
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ် လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် အတွင်း ဘာသာသာသနာထွန်းကားမှုကို အထောက် အပံ့ဖြစ်စေရန်နှင့် အများပြည်သူများ ကြည်ညို သပ္ပာယ်စွာဖူးမြော်ရန်၊ ကုသိုလ်တရားပွားများနိုင် စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာ ဒေါ်အေး ခိုင်ညွန့်နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုဝင်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ၏ ပထမဖောင်းရစ်အတွက် ရွှေစင်ပြား ကိုးပြား ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော် အရှေ့ ဘက်မုခ်၌ ကျင်းပသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ် တွင် ကပ်လှူပူဇော်မည့် ရွှေစင်ပြားကိုးပြားအတွက် လှူဒါန်းငွေကျပ် ၁၄၄ သိန်းကို ဘုရားဂေါပကထံသို့ လှူဒါန်းပြီး ဘုရားဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်စဉ်