
နေပြည်တော် ဖေဖော်ဝါရီ ၃
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ်က အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှ လည်း ကောင်း၊ အမျိုးသမီးများအား ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှ လည်းကောင်း ရွှေမော်ဓော ဘုရားလမ်း တိုင်းဒေသကြီး အားကစားကွင်းရှေ့ အထိ တာလွှတ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး အတွင်း ရေးမှူးတို့က အမျိုးသား အမျိုးသမီး အဆင့် (၁၅) မှ အဆင့် (၂၀) အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် လေးသောင်းစီ၊ အဆင့် (၆) မှ အဆင့် (၁၀) အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆု ငွေကျပ် ငါးသောင်းစီ၊ ပဉ္စမဆုရရှိသူ တစ်ဦးလျှင် ငွေကျပ် ခုနစ်သောင်းစီနှင့် စတုတ္ထဆုရရှိသူ တစ်ဦး လျှင် ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းစီတို့ကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသက် ၅၀ နှစ်အထက် ပြိုင်ပွဲ ဝင် အားကစားသမား နှစ်ဦးနှင့် အသက် ၁၂ အောက် အားကစားသမား ၃၄ ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် ငါးသောင်းစီ၊ ပထမဆုရရှိသူ နှစ်ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းစီ၊ ဒုတိယဆုရရှိသူ နှစ်ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆု ငွေကျပ် သုံးသိန်းစီ၊ တတိယ ဆုရရှိသူ နှစ်ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် နှစ်သိန်းစီ ပေးအပ် ချီးမြှင့်ပြီး ဆိုင်ကယ် နှစ်စီးနှင့် စက်ဘီး ၂၅ စီး တို့ကို ကံစမ်းမဲဖောက်ပေးသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ အကြို အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ သို့ အမျိုးသား ၂၆၆ ဦး၊ အမျိုးသမီး ၁၁၈ ဦး စုစုပေါင်း ၃၈၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်