(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ဝန်ထမ်းများ  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံ

 

 

နေပြည်တော်   ဇန်နဝါရီ   ၃၁
၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ ၁၂ ရက် တွင်  ကျရောက်မည့်  (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ တွင်  ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ ဝန်ထမ်းများကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေး Booster Dose ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။ 
ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး  Booster Dose  ထိုးနှံရာတွင်     စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်  အုပ်စု (၅) နေရာခွဲ၍ ဆေးထိုးအဖွဲ့ ၁၀ ဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိသည်။  အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်-၁၉   ရောဂါ       ကာကွယ်ဆေး နှစ်ကြိမ်   ထိုးနှံထားပြီးနောက် ခြောက်လပြည့်ပြီးသူများကို ထိုးနှံ ပေးခြင်းဖြစ်သည်။
Booster Dose ထပ်ဆောင်း ကာကွယ်ဆေးကို  လူ့ခန္ဓာကိုယ် တွင်ရှိသည့် ခုခံအား အနည်းငယ် ပြန်ကျလာသည့်အချိန်တွင်  ခုခံ အား   ပြန်လည်တက်လာစေရန် စသည့်  ရည်ရွယ်ချက်ဖြင့် ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်