
နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခိုလောင်းလမ်း ကိုယ့်အားကိုယ် ကိုး နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ လားရှိုးမြို့နယ် စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိုင်လွန်ကတ္တရာလမ်း လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက နိုင်လွန် ကတ္တရာလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းသစ် အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ခိုလောင်းနိုင်လွန် ကတ္တရာလမ်းသစ်သည် အရှည် ပေ ၁၇၃၀၊ အကျယ် ၂၂ ပေရှိပြီး ရှမ်းပြည်နယ်အစိုးရနှင့် ပြည်သူ များ၏ စုပေါင်းလှူဒါန်း ငွေကျပ် သိန်းပေါင်း ၁၀၀၀ ကျော်ဖြင့် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ကျောက်မဲမြို့ နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ဆောက်လုပ်သည့် ကျောက်မဲမြို့ အဝင် မုခ်ဦးဖွင့်ပွဲကို ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအောင်း ပလောင် ယဉ်ကျေးမှုအဖွဲ့နှင့် ဒေသခံ တိုင်းရင်းသားပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်