(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှင်စောပုကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ကန်သာယာပတ်လမ်းရှိ Steel Structure Decking ဖွင့်ပွဲကျင်းပ

 

ဘားအံ    ဖေဖော်ဝါရီ     ၂

 


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ၁၂ ရက် တွင်  ကျရောက်သော (၇၅) နှစ် မြောက်    စိန်ရတုပြည်ထောင်စု နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ဘားအံမြို့နယ်    စည်ပင်သာယာ ရေးအဖွဲ့က      ဆောင်ရွက်သော  ဘားအံမြို့ အမှတ် (၇) ရပ်ကွက် ရှင်စောပုလမ်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် က အဆိုပါလမ်း မုခ်ဦး၌ ကျင်းပ သည်။

 


ရှင်စောပု     ကွန်ကရစ်လမ်း သည်   အရှည်ပေ  ၂၀၉၀၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိပြီး စည်ပင် သာယာရေးအဖွဲ့     ခွင့်ပြုရန်ပုံ ငွေကျပ်   ၆၆   ဒသမ  ၃  သန်း  ဖြင့်    ဘားအံမြို့နယ်    စည်ပင် သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး    ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊       ပြည်နယ်တရား လွှတ်တော်    တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရ  အဖွဲ့ဝင်များက   လမ်းကို   ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတု    ပြည်ထောင်စုနေ့ကို ဂုဏ်ပြု      ကြိုဆိုသောအားဖြင့် ဘားအံမြို့ အမှတ် (၁) ရပ်ကွက် ကျော်ဇေယျလမ်း  (ကန်သာယာ ပတ်လမ်း)  ရှိ   Steel   Structure Decking   ဖွင့်ပွဲကို    ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် တရားလွှတ်တော်  တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက Steel Structure Decking ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။    အားကစားနည်းမျိုးစုံ ဆောင်ရွက် နိုင်ရန်နှင့် အနားယူအပန်းဖြေခြင်း အတွက် Steel Structure Deck-ing (ပေ ၇၀ x ၃၅ ပေ) ကို   ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ  ၃၁  ရက်က စတင် တည်ဆောက်ခဲ့ပြီး  ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြီးစီးကာ ဖွင့်လှစ်ခြင်းဖြစ်သည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)