(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးထုတ်(၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုး ထုတ်ဝေရောင်းချမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  အထူးထုတ်  စာပို့တံဆိပ်ခေါင်းသစ် (၂၀၀/- ကျပ်တန် ) သုံးမျိုးကို  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  (၁၂) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း (၁၂) ရက် (စနေနေ့)၊ နံနက်   ၉  နာရီ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊   မန္တလေးစာတိုက်ကြီးတို့နှင့်   တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင်  ရောင်းချပေးသွားမည်ဖြစ်သည်။

 


အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီးနှင့်   မန္တလေးစာတိုက်ကြီးတို့တွင် ဖေဖော်ဝါရီ (၁၂) ရက်၊ (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။                                                                        

သတင်းစဉ်