
နေပြည်တော် ဖေဖော်ဝါရီ ၂၅
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တွင် တိုင်းဒေသကြီးကိုယ်စားပြု ယာဉ် တတိယဆု၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆု ရရှိသူများ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများတွင် ဆုရရှိသူများ ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင် ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး ကိုယ်စားပြု ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တတိယဆုရရှိခဲ့ သည့် တိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ “တူယှဉ် နွှဲပျော် ဂီတပွဲတော်” တေးသီချင်း သီဆိုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများ၏ ဖျော်ဖြေ မှုများ၊ တိုင်းဒေသကြီးအဆင့် ပြခန်းများတွင် ဆုရရှိခဲ့သည့် ပြခန်းများ၏ မှတ်တမ်းဓာတ်ပုံ များကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တွင် တတိယဆုရရှိခဲ့သည့် တိုင်း ဒေသကြီးကိုယ်စားပြု ဂုဏ်ပြု ယာဉ်အသင်းနှင့် ဂုဏ်ပြုယာဉ် များနှင့်အတူ သွားရောက်ဖျော်ဖြေ ခဲ့သော တိုင်းဒေသကြီး ကိုယ်စား ပြု အကအဖွဲ့၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှု ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူ များနှင့် ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြခန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့် ပြခန်းမှ တာဝန်ရှိသူများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်