(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများကို မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုဖျော်ဖြေ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၉


၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌  ဖေဖော်ဝါရီ  ၁၂  ရက်တွင် ခမ်းနားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ  ပြည်ထောင်စုနေ့ အခမ်းအနား၌ ချီတက်အလေးပြုကြမည့်  စစ်ကြောင်း၊ တပ်ခွဲများနှင့်အတူ ပြည်နယ်နှင့်  တိုင်းဒေသကြီး  ကိုယ်စားပြုရိုးရာ အလှပြယာဉ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများပါ တက်ကြွစွာ ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

 


အဆိုပါ  (၇၅)    နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း  အနားတွင်  ပါဝင်ဆင်နွှဲကြမည့်  တိုင်းရင်းသားရိုးရာ   ယဉ်ကျေးမှု အဖွဲ့များ၊ ကျောင်းသားကျောင်းသူ  များကို         နေပြည်တော်ရှိ  စစ်ကြောရေးနှင့်     တည်းခိုရေး  စခန်း၌ တည်းခိုနေထိုင်စေလျက်  ရှိပြီး ယနေ့ညနေပိုင်း၌ ကာကွယ်  ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့်          စိတ်ဓာတ်   စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက်   မြဝတီအငြိမ့် အဖွဲ့နှင့်    မြဝတီတေးဂီတအဖွဲ့ များရှိ  စစ်သည်၊  စစ်သမီးများက အကအလှများ၊ တေးသီချင်းများ ဖြင့်       ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ ကြောင်းနှင့် တက်ရောက်အားပေး သည့်  ပရိသတ်များမှလည်း စိတ် လက်ရွှင်လန်း      ပျော်ရွှင်စွာဖြင့် ကြည့်ရှု      အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။      


 သတင်းစဉ်