
နေပြည်တော် ဖေဖော်ဝါရီ ၂၄
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် ပြည် ထောင်စုအလံတော် သယ်ဆောင် ရေးဆပ်ကော်မတီ အဖွဲ့ဝင်များ အား ဂုဏ်ပြုပွဲ အခမ်းအနားနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားတွင် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အလံတော် သယ်ဆောင်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် တက် ရောက် အမှာစကားပြောကြား သည်။
ယင်းနောက် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က စိန်ရတုပြည်ထောင်စုနေ့ ကျင်းပ ရေး စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုအလံတော် သယ် ဆောင်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်များကို ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များ နှင့်စပ်လျဉ်း၍ တက်ရောက်လာ ကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြကာ နောင်တွင် ကျင်းပမည့် အခမ်းအနားများတွင် အောင်မြင်ချောမွေ့စွာ ဆောင် ရွက်ကြနိုင်စေရေး အကြံပြု ဆွေးနွေးကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြား ကြောင်း သိရသည်။
သတင်းစဉ်