(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဇန်နဝါရီ ၁၇
(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့   ဂုဏ်ပြုအခမ်း အနားကျင်းပရေး    ကော်မတီ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန   စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ဂုဏ်ပြုအခမ်းအနား ကျင်းပ ရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊       ဒုတိယ ဥက္ကဋ္ဌ  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး         ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဒေါက်တာ     မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊  ဦးထွန်းအုံ၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင်၊ နေပြည်တော် စည်ပင်သာယာရေး  ကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်၊ ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ်       ဦးဌေးအောင်၊   ကာကွယ်ရေး     ဦးစီးချုပ်ရုံးမှ       တပ်မတော်     အရာရှိကြီးများ၊  နေပြည်တော်        ကောင်စီဝင် ဦးမြင့်စိုး၊    တိုင်းဒေသ ကြီးနှင့်    ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များနှင့်    ဖိတ်ကြားထားသူများ    တက်ရောက်ကြသည်။
လေးလေးနက်နက်ဆောင်ရွက်
ရှေးဦးစွာ    ဂုဏ်ပြုအခမ်း အနားကျင်းပရေး    ကော်မတီ  ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအပါအဝင်  ယခု ကာလတွင်     ဆောင်ရွက်မည့် ဆောင်ရွက်ချက်များသည် နိုင်ငံ၏ ပုံရိပ်ဖြစ်သည့်အတွက်   သာမန် လုပ်ငန်းများထက်  ပိုမိုလေးလေးနက်နက်ဆောင်ရွက်ကြစေလိုပါကြောင်း၊    ကိုဗစ် - ၁၉  ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာများ၊  အချိန် အခါမဟုတ် မိုးရွာသွန်းခြင်း အပါ အဝင်  ဖြစ်ပေါ်လာနိုင်သည့် ကိစ္စ ရပ်များအားလုံးကို  ကြိုတင်မျှော် တွေး   ပြင်ဆင်ဆောင်ရွက်ထား ကြရန်        လိုအပ်ပါကြောင်း ပြောကြားသည်။  
ဆွေးနွေးတင်ပြ
ထို့နောက်  အတွင်းရေးမှူး  ဒုတိယဝန်ကြီး          ဦးရဲတင့်က   အခမ်းအနား       အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ဆောင် ရွက်နေသည့်         အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို   ရှင်းလင်း တင်ပြပြီး   တက်ရောက်လာကြ သည့်       ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊  ပြည်နယ်များမှ     ဝန်ကြီးများ၊ တာဝန်ရှိသူများက ဂုဏ်ပြုအခမ်း အနား  အောင်မြင်စွာ  ကျင်းပနိုင် ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေး   တင်ပြချက်များ အပေါ်        ဂုဏ်ပြုအခမ်းအနား ကျင်းပရေး   ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်    ဆွေးနွေးမှာကြားပြီး အစည်းအဝေးကို    ရုပ်သိမ်းလိုက် သည်။                     သတင်းစဉ်