(၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့်  လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်              တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် 
လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဒီဇင်ဘာ  ၁၅


ပြည်ထောင်စုသမ္မတ      မြန်မာနိုင်ငံတော်၊ တပ်မတော်(လေ) ၏  (၇၅)  နှစ်မြောက်   စိန်ရတု နှစ်ပတ်လည်နေ့အခမ်းအနားတွင်  နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန် အတွက်  လေယာဉ်၊  ရဟတ်ယာဉ်များတပ်တော်ဝင် ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက် ချီးမြှင့်သည်။

 


အဆိုပါအခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့်   ဇနီး ဒေါ်ကြူကြူလှ၊   အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)  များနှင့် ဇနီးများ၊  အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ် (ရေ) များ၊  ကာကွယ်ရေးဦးစီးချုပ်  (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ် (လေ)  ဗိုလ်ချုပ်ကြီး    ထွန်းအောင်နှင့်    ဇနီး၊ ပြည်ထောင်စုအဆင့်   ပုဂ္ဂိုလ်များ၊   ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ် မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်ကြီးများ တက်ရောက်ကြသည်။

 


ပျံသန်းအလေးပြု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အခမ်းအနား စတင်ရန် ခွင့်ပြုချက် တောင်းခံပြီး  (၇၅)  နှစ်မြောက် စိန်ရတုတပ်မတော်  (လေ)     နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များ    တပ်တော်ဝင်အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်(လေ)မှ စမ်းသပ် ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စင်းဖြင့် အင်္ဂလိပ်အက္ခရာ  75  ပုံစံ  အုပ်ဖွဲ့၍ ရှုရပ်မဏ္ဍပ်၏      ရှေ့တူရူမှ      ပျံသန်းဝင်ရောက် ကာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို      ပျံသန်း အလေးပြုကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် တပ်မတော်(လေ)   ၏  စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ကြောင်း၊     မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ယနေ့တွင် တပ်မတော်(လေ)အတွက် အားသစ်လောင်းမည့်လေယာဉ်/ရဟတ်ယာဉ်အသစ် များကို တစ်ပါတည်း တပ်တော်ဝင်ပေးသွားမည်ဖြစ် ကြောင်း၊ (၇၅) နှစ်မြောက်  စိန်ရတုနှစ်ပတ်လည် နေ့ဆိုသည်မှာ ကြုံတောင့်ကြုံခဲ ဂုဏ်ယူစရာ နေ့ထူး နေ့မြတ်ဖြစ်သည့်အတွက်  အခမ်းအနားကိုကြွရောက် လာကြသည့်  ဧည့်သည်တော်များ၊ ၇၅ နှစ်တာကာလ အတွင်း တပ်မတော်(လေ)ကို ဦးဆောင်ခဲ့ကြသည့် အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်  (လေ)  များ၊  တပ်မတော်(လေ)  တွင်   ဦးဆွေးဆံမြည့်   တာဝန် ထမ်းဆောင်နေကြသည့်   အရာရှိ၊   စစ်သည်များ၊ မိသားစုဝင်များနှင့်   အငြိမ်းစားစစ်မှုထမ်းအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံး    ချမ်းမြေ့သာယာပါစေ ကြောင်း  ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ ပါကြောင်း။

 


တပ်မတော်သည်     လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့်  မျိုးချစ်တပ်မတော် ဖြစ်သကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြင့်  ဖွဲ့စည်း ထားသည့်  ပြည်ထောင်စုတပ်မတော်လည်းဖြစ် ကြောင်း၊ နိုင်ငံတော်အပေါ်  ကျရောက်လာနိုင်သည့် ပြည်တွင်း၊    ပြည်ပအန္တရာယ်များကို   ကာကွယ် တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု   မပြိုကွဲရေးနှင့်   အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်သူများနှင့် လက်တွဲပြီး   အသက်၊  သွေး၊   ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည်ကို     ခေတ်အဆက် ဆက်    အထင်အရှား    တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့အစဉ်အလာကြီးမားသည့်    ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ    တပ်မတော်  (ကြည်း)၊ တပ်မတော်  (ရေ) နှင့်  တပ်မတော် (လေ)  ဟူသည့် ညီနောင်တပ်ဖွဲ့ ၃ ခု ညီညွတ်စွာ ပေါင်းစုတည်ထောင် ထားသည့်    နိုင်ငံလက်ရုံးအဖွဲ့အစည်းမျိုးကိုသာ ခေါ်ဆိုရမည့် အမည်နာမဖြစ်သည်ကို ဦးစွာပြောကြား လိုကြောင်း။

 


ထူးခြားသည့် အားအင်သစ်များ


တပ်မတော်(လေ) ဖြစ်တည်လာပုံနှင့် ပတ်သက် ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လေကြောင်း ပျံသန်းမှုပညာရပ်သည်   မြန်မာနိုင်ငံကို   ဒုတိယ ကမ္ဘာစစ်မတိုင်မီ   နယ်ချဲ့လက်အောက်ရှိနေစဉ် ကပင်  ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်    ၁၃   ရက်တွင်    ဗိုလ်ချုပ်အောင်ဆန်းက လေတပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တပ်ဖွဲ့ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး လေတပ်ဖွဲ့စည်း နိုင်ရေး ခြေလှမ်းတစ်ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်၊ ဒီဇင် ဘာ  ၁၅ ရက်တွင် တပ်မတော်(လေ)အက်ဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့်  တပ်မတော်(လေ)ကို စတင်သန္ဓေ တည် မွေးဖွားလာခဲ့ကြောင်း၊ တပ်မတော်(လေ) စတင်    ဖွဲ့စည်းခဲ့သည့်အချိန်မှစပြီး    ပြည်တွင်း သောင်းကျန်းမှုများ တိုင်းပြည်အနှံ့ ပေါ်ပေါက်လာခဲ့ သည့်အတွက် စီမံခန့်ခွဲမှု၊ လေ့ကျင့်မှုနှင့် ဖွဲ့စည်းမှု များပြုလုပ်နေဆဲ၌ပင် တိုက်ခိုက်ရေးတာဝန်များကို မဖြစ်မနေ   ထမ်းဆောင်ရန်   ဖြစ်လာခဲ့ရကြောင်း၊ Burma Air Force – BAF  မှ  Myanmar Air Force– MAF   အဖြစ်  ၁၉၉၀   ပြည့်နှစ်တွင်   အမည် ပြောင်းလဲခဲ့ကြောင်း၊ ယခု စိန်ရတုကာလပြည့်မြောက် သည့်နှစ်၌   စတုတ္ထမျိုးဆက်လွန်  ဘက်စုံသုံးတိုက် လေယာဉ်များ ရရှိပိုင်ဆိုင်လာခြင်းဖြင့် တပ်မတော် (လေ) အတွက်  ထူးခြားသည့်   အားအင်သစ်များ ဆောင်ကြဉ်းပေးလာခြင်းပင်ဖြစ်ကြောင်း။

 


စက်မှုလက်မှုအပိုင်းတွင်    ခေတ်မီလေယာဉ်/ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ အထောက်အကူ စနစ်များကို  ပြည်တွင်း၌ပင်  တတ်နိုင်သမျှ  ပြုပြင် ထိန်းသိမ်းပြင်ဆင်ခြင်းများ     ဆောင်ရွက်နိုင်ရေး လေယာဉ်နှင့်အင်ဂျင်    ပြင်ဆင်ရေးအလုပ်ရုံများ၊ Universal Service Support Center များ၊ အစိတ် အပိုင်းထုတ်လုပ်ရေးအလုပ်ရုံများ     ဖြည့်ဆည်း တပ်ဆင်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ခေတ်မီစတုတ္ထ မျိုးဆက်တိုက်လေယာဉ်များအထိ ပြည်တွင်း၌ ပုံမှန် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်နေပြီ ဖြစ်ကြောင်း။

 


သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့


တပ်မတော်တွင်   တိုင်းရင်းသားလူမျိုးပေါင်းစုံ တာဝန်ထမ်းဆောင်လျက်ရှိပြီး      အမျိုးသားများ သာမက  အမျိုးသမီးများပါ  ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်ကို    တွေ့ရမည်ဖြစ်ကြောင်း၊   တပ်မတော် (လေ)၌ ၁၉၅၄ ခုနှစ်ကတည်းက အမျိုးသမီးအုပ်ချုပ် မှုအရာရှိ လေးဦး ရှိခဲ့ပြီးဖြစ်သည်ကို တွေ့ရကြောင်း၊ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ဗိုလ်ဒေါ်လှသန်းက စက်မဲ့ဂလိုက်ဒါကို  တစ်ဦးတည်း   မောင်းနှင်ပြသခဲ့ ခြင်းဖြင့် တပ်မတော်(လေ)၏ အမျိုးသမီးများ  သမိုင်း ကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း။

 


ထို့နောက်ပိုင်းတွင်    အမျိုးသမီးများ၏ကဏ္ဍ တိမ်မြုပ်ခဲ့ရသော်လည်း ၂၀၁၄  ခုနှစ်မှစပြီး  အမျိုး သမီးများကို  နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန် ပြန်လည်စီစဉ်ခဲ့ရာ ယခုအချိန်တွင် အုပ်ချုပ်မှုပိုင်းသာမက    တိုက်လေသူရဲ၊   သယ်ယူ ပို့ဆောင်ရေးလေသူရဲနှင့်     ရဟတ်ယာဉ်လေသူရဲ စသည်ဖြင့် တပ်မတော်(လေ)၏ ပျံသန်းရေးဆိုင်ရာကဏ္ဍမျိုးစုံအထိ အမျိုးသားလေသူရဲများနှင့်တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက် ရှိကြောင်း။

 


တပ်မတော်(လေ)သမိုင်းတစ်လျှောက် ကြုံတွေ့ ခဲ့ရသည့်   တိုက်ပွဲများကို    ပြန်ကြည့်မည်ဆိုပါက လေတပ်ဦးစီးချုပ်မှစ၍    လေသူရဲငယ်များအထိ အဆင့်အတန်းအားလုံးသည်   နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ  မျိုးချစ်စိတ်၊  စွန့်လွှတ် စွန့်စားစိတ်များဖြင့် ပေးဆပ်သက်သေပြခဲ့ကြသည် ကို   ဂုဏ်ယူဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း၊   မဲခေါင် စစ်ဆင်ရေးကာလတွင် စွန့်လွှတ်စွန့်စားရင်း အသက် ပေးခဲ့ရသည့် လေသူရဲ ဒုဗိုလ် ပီတာကို နိုင်ငံတော်က “ သူရ” ဘွဲ့ ချီးမြှင့်ပေးခဲ့ကြောင်း၊ အလားတူ ၁၉၇၇ ခုနှစ် ခြူးရွှေ- ပန်ကောက်  တိုက်ပွဲကာလအတွင်း ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ရင်း ဗိုလ်မှူး အုန်းခိုင် ကျဆုံး ခဲ့ရကြောင်း၊ ၎င်း၏ ပြောင်မြောက်သည့် သတ္တိနှင့် ရဲရင့်မှုများအတွက် နိုင်ငံတော်က “ သူရ” ဘွဲ့ ချီးမြှင့် ပေးခဲ့ကြောင်း။

 


စွမ်းဆောင်နိုင်မှုများနှင့် အောင်မြင်မှုများသည် တပ်မတော်(လေ)ကို စတင်တည်ထောင်စဉ်ကစပြီး ယခုအချိန်အထိ  လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် ခဲ့ကြသည့် အရာရှိ/စစ်သည်များ၏ မဆုတ်မနစ် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများနှင့် စွန့်လွှတ်စွန့်စား သည့်   စိတ်ဓာတ်များကြောင့်သာ    ဖြစ်ကြောင်း၊ ထိုကဲ့သို့   မြင့်မြတ်သည့်ဂုဏ်ဒြပ်များနှင့်   အသက် ကို   ပဓာနမထားဘဲ  ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် စံပြုထိုက်သည့်  သူရဲကောင်းစစ်သည်တော်များကို တပ်မတော်ဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ရာ သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၂၆ ဦး၊ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူ ၁၁၇ ဦး အထိ ချီးမြှင့်ခံရသည်ကို ဂုဏ်ယူဖွယ်တွေ့ရမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်သည့် အစဉ်အလာကောင်း များကို လေးစားတန်ဖိုးထားပြီး လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်း မှာကြားလိုကြောင်း။  

 


(၇၅)နှစ်တာကာလခရီးကို ဖြတ်သန်းလာခဲ့ပြီး သည့် ယနေ့အချိန်တွင် တပ်မတော်   (လေ)  သည် မျိုးဆက်သစ်လေသူရဲများဖြင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးတိုက်လေယာဉ်များ၊ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့်  အဆင့်မြင့် တိုက်လေယာဉ်/ရဟတ်ယာဉ်များကို    အားမာန် အပြည့်     မောင်းနှင်ပျံသန်းနိုင်ကြပြီဖြစ်ကြောင်း၊ နည်းပညာသုတေသနပြု  စမ်းသပ်ထုတ်လုပ်နိုင်မှု အပိုင်းတွင်လည်း MTX-1A လေယာဉ်နှင့် SR-1 UAV များကို   ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။           

 


ဂုဏ်ပြုမှတ်တမ်းတင်


တပ်မတော်(လေ)အနေဖြင့် စိန်ရတုခရီးကာလ အတွင်း နိုင်ငံတော်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်   တရားဥပဒေစိုးမိုးရေးများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ        ကူညီရှာဖွေ ကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးစသည့် ကဏ္ဍအသီးသီး တွင် ကျရာနေရာမှ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်၏ ကျရာတာဝန်များကို    ဦးဆွေးဆံမြည့်   တာဝန် ထမ်းဆောင်ခဲ့ကြသူများ၊  တာဝန်ထမ်းဆောင်ဆဲ တပ်မတော်(လေ) တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်းကို ပြောကြားလိုကြောင်း။

 


ယနေ့ တပ်တော်ဝင်မည့်   လေယာဉ်၊   ရဟတ် ယာဉ်များ၏ စွမ်းပကားများ ထပ်မံပေါင်းစပ်လိုက်မည် ဆိုပါက တပ်မတော်(လေ)အနေဖြင့် မဟာဗျူဟာ မြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုများပါ ဆောင်ရွက်နိုင်မည်ဖြစ် သည့်အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့်ရေအောက် Dimension လေးခုလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင် တော့မည်ဖြစ်ကြောင်း။

 


တပ်မတော်၏ဂုဏ်ကို မြှင့်တင်


စိန်ရတုကာလအထိ     သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန် အောင် ထမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို  မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းပြီး တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင် ဆောင်ရွက်သွား ကြရန်၊ တပ်မတော်(လေ)မှ အရာရှိ၊  စစ်သည်အားလုံး သည် တပ်မတော်ရှိ အခြားသော ညီနောင်တပ်ဖွဲ့များ နှင့် ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်၊    နောင်တော်သူရဲ ကောင်း စစ်သည်တော်များ၏ စွမ်းဆောင်နိုင်ခဲ့မှုများ အတွက် ဂုဏ်ယူသင်ခန်းစာယူပြီး နောင်တော်များကဲ့ သို့   ပေးအပ်လာမည့်   တာဝန်နှင့်  ဝတ္တရားများကို ဦးလည်မသုန် ကျေပွန်စွာ ဆက်လက်ထမ်းရွက်ကြရန်၊ ယခု  တပ်တော်ဝင်ပေးလိုက်သည့်  လေယာဉ်များကို စစ်သည်တော် ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင် မြတ်နိုးပါ” ဟူသည့်အတိုင်း  စည်းကမ်းစနစ်တကျ မြတ်နိုးစွာ   ကိုင်တွယ်ပျံသန်းပြီး    တပ်မတော်၏ ဂုဏ်ကို   မြှင့်တင်ဆောင်ရွက်သွားကြရန်   မှာကြား လိုကြောင်း။

 


(၇၅) နှစ်တာကာလတစ်လျှောက် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကျရာကဏ္ဍအသီးသီးမှ တာဝန် ကျေပွန်အောင် မှတ်ကျောက်တင်ဆောင်ရွက်ခဲ့ကြ သည့်  တပ်မတော် (လေ)  မိသားစုများအားလုံးကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် အနာဂတ် ကာလတွင်လည်း ကျရာတာဝန်များကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်း    ထမ်းဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်    ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ် များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင် စကား  ပြောကြားပြီး    စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး   ဇော်ဝင်းမြင့်က   လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာ သည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ် များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ် များ ပေးအပ်သည်။

 


ဆက်လက်၍   လေယာဉ်၊  ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့်  ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်းများ   ပြသကြရာ  ဦးစွာအချိန် ကိုက်ပျံသန်း အလေးပြုခြင်းအစီအစဉ်အရ သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းက နိုင်ငံတော် အလံကို   ချိတ်ဆွဲပြီး  တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစင်းတို့က  တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံ များကို ချိတ်ဆွဲလျက် Composite Trail Formation ခေါ် အတန်းလိုက်အုပ်ဖွဲ့ပုံစံဖြင့်  ပျံသန်းခြင်း၊ အမျိုး အစား မတူညီသည့် ရဟတ်ယာဉ် လေးစင်းတို့က Composite Box Formation  အုပ်ဖွဲ့ပုံစံဖြင့်   ပျံသန်း အလေးပြုခြင်း၊   အပေါ့စားသယ်ယူပို့ဆောင်ရေး  ရဟတ်ယာဉ်ဖြင့် Hoist   စွမ်းရည်ပြသခြင်း၊   သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့်   Bambi Bucket အသုံးပြု၍  မီးငြှိမ်းသတ်မှုအား သရုပ်ပြခြင်း၊ အမျိုး အစားမတူညီသော ကင်းထောက်လေယာဉ် တစ်စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ်    နှစ်စင်းတို့ဖြင့် Composite  Arrow  Head  Formation     အုပ်ဖွဲ့ ပုံစံ     ပျံသန်းအလေးပြုခြင်းများ    ဆောင်ရွက် ကြသည်။ 

 


ယင်းနောက်  အမျိုးအစားမတူသည့်  သယ်ယူ ပို့ဆောင်ရေးလေယာဉ်  သုံးစင်းတို့က  Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်း အလေးပြုခြင်း၊  မြွေဟောက်အုပ်ဖွဲ့မှ  ဂျက်တိုက် လေယာဉ်  တစ်စင်းနှင့်     အမောင်းသင်ဂျက်တိုက် လေယာဉ်  သုံးစင်းတို့သည် Composite Box For-mation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုပြီး အမောင်း  သင်ဂျက်တိုက်လေယာဉ် သုံးစင်းမှ တပ်မတော်(လေ)ကို   ကိုယ်စားပြုသည့်  အဝါရောင်၊ အဖြူရောင်၊ အပြာ ရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ် လျက်ပျံသန်းခြင်း၊    ဗုံးကြဲလေယာဉ်   တစ်စင်းနှင့် အပေါ့စားဂျက်တိုက်လေယာဉ်    လေးစင်းတို့သည် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခြင်း၊    ဘက်စုံသုံးဂျက်တိုက် လေယာဉ်  တစ်စင်းနှင့်   ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် လေးစင်းတို့သည် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်   ပျံသန်းအလေးပြု ခြင်း၊ ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ခြောက်စင်း တို့က Wedge Formation   အုပ်ဖွဲ့ပုံစံဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား  ပျံသန်းအလေးပြုကြ သည်။

 


လေယာဉ်မောင်းစွမ်းရည်များ ပြသ


ထို့နောက် ဘက်စုံသုံးဂျက်တိုက်လေယာဉ်ဖြင့် ပျံသန်းအလေးပြုပြီး လှုပ်ရှားစစ်ကစားနိုင်မှု စွမ်းရည် ပြသပျံသန်းရာ   ဂျက်တိုက်လေယာဉ်သည်  High Speed Flight ဖြင့်  သရုပ်ပြပျံသန်းပြီး  ရန်သူ့ထံမှ တန်ပြန်ပစ်ခတ်လာနိုင်သော လေကြောင်းရန်ကာကွယ်ရေးလက်နက်များအား ရှောင်ရှားပျံသန်းရာတွင် အသုံးပြုသည့် စစ်ကစားမှုပုံစံ Combat Turn ဖြင့် လေယာဉ်အား ရေပြင်ညီအနေအထားမှ ညာဘက်သို့ ရုတ်ခြည်းကွေ့၍ ဆွဲတင်ရသည့် စစ်ကစားမှုပုံစံအား သရုပ်ပြခြင်း၊ Level 8 ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ ၈ ပုံသဏ္ဌာန် ရေပြင်ညီကွေ့ဝိုက်ပျံသန်း သရုပ်ပြခြင်း၊ မိမိလေယာဉ်နောက်မှ  ထက်ကြပ်မကွာလိုက်လာ သော  ရန်သူကို   လှည့်စားသည့်အနေဖြင့်   ဘယ် သို့မဟုတ် ညာသို့ Aileron Roll ပြုလုပ်ကာ စစ်ကစား မှု ပြုလုပ်ပျံသန်းခြင်း၊ တိုက်လေယာဉ်တစ်စင်းအတွက် Radius of Turn ကျဉ်းကျဉ်းကွေ့နိုင်ခြင်းအားဖြင့် လေယာဉ်ချင်း စီးချင်းထိုးစစ်ကစားချိန်တွင် အားသာ မှုရရှိစေနိုင်ရန်   ပြုလုပ်သည့်  Maximum Banking Turn အား သရုပ်ပြပျံသန်းခြင်းများနှင့် အမြန်နှုန်း အနိမ့်ဆုံးဖြင့် စွမ်းရည်ပြရန်အတွက် Slow Flight ပျံသန်းခြင်းများကို   ဆောင်ရွက်၍     လေယာဉ်မောင်း စွမ်းရည်များ ပြသကြသည်။

 


ဆက်လက်၍ စတုတ္ထမျိုးဆက်လွန်  ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်သည့်   Su-30 SME တိုက်လေယာဉ်    တစ်စင်းဖြင့်   ပျံသန်းအလေးပြုပြီး ယင်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစား မှု  (High Performance Maneuver)  များကို စွမ်းရည်ပြပျံသန်းခြင်းများ ဆောင်ရွက်သည်။

 


ပျံသန်းမှုပုံစံအား သရုပ်ပြ 


ထိုသို့စွမ်းရည်ပြသရာတွင်   Tail Slide   ဟု ခေါ်သော ဒေါင်လိုက်ပျံတက်ပြီး  အမြန်နှုန်း  Zero သို့လျှော့ချကာ  အောက်သို့   ဒေါင်လိုက်ပြန်လည် လျှောကျသည့် ပျံသန်းမှုပုံစံအား သရုပ်ပြခြင်းနှင့် Flap Spin   ဟုခေါ်သည့်   ရေပြင်ညီအပြားလိုက် လည်ကျသော  ပျံသန်းမှုပုံစံအား  သရုပ်ပြသသည်။ Flap Spin Maneuver   သည်   သာမန်ဂျက်တိုက် လေယာဉ်များမပြုလုပ်နိုင်သော ပျံသန်းမှုအမျိုးအစား ဖြစ်ပြီး Su-30 တိုက်လေယာဉ်တွင်မူ လေယာဉ်၏ အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် ပျံသန်းမှုထိန်းသိမ်း သည့်စနစ်များကို     အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့်     Flap Spin Maneuver  ကို   ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


အလေးပြုပျံသန်းခြင်းများ ဆောင်ရွက်


ယင်းနောက်  လိုအပ်သောအမြင့်သို့  အမြန်ဆုံး တက်ရောက်လိုသည့်   အချိန်တွင်လည်းကောင်း၊ အမြန်နှုန်းလျော့နည်းနေစဉ်တွင်    လေယာဉ်၏ ဦးတည်ရာလမ်းကြောင်းအား ရုတ်ခြည်းပြောင်းလဲ လိုသော  အချိန်တွင်လည်းကောင်း   အသုံးပြုရသည့် စစ်ကစားမှုပုံစံအမျိုးအစားဖြစ်သော လေယာဉ်အား အပေါ်သို့ရုတ်ခြည်း ဒေါင်လိုက်ဆွဲတင်ပြီး တစ်ဆက် တည်းတွင် အောက်သို့ရုတ်တရက် ပြန်လည်စိုက်ဆင်း သည့် Zoom & Dive with 90. Maneuver အား သရုပ်ပြပျံသန်းခြင်း၊ မိမိလေယာဉ်၏နောက်မှ အနီး ကပ်လိုက်ပါလာသည့်  ရန်သူ့လေယာဉ်ကို   မိမိ၏ မြင်ကွင်း၊ ပစ်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိစေပြီး အမြန်ဆုံးပြန်လည်တိုက်ခိုက်နိုင်သည့် စစ်ကစားမှု ပုံစံဖြစ်သော High AOA Roll အား သရုပ်ပြပျံသန်း ခြင်းနှင့်    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမြန်နှုန်း 100 Km/hr ခန့်နှင့် ပျံသန်းသော Slow Flight ဖြင့် အလေးပြုပျံသန်းခြင်းများ ဆောင်ရွက်၍ လေယာဉ်မောင်းစွမ်းရည်များ ပြသကြသည်။
ထို့နောက်   Su-30    တိုက်လေယာဉ်သည် မည်သည့်အခြေအနေ၊ အမြန်နှုန်း၊ အမြင့်ပေတွင်မဆို လေယာဉ်ကွင်းသို့  ရုတ်ခြည်းဆင်းသက်နိုင်စွမ်းရှိ ခြင်းအား Maximum Banking Turn & Loop for Landing Maneuver ဖြစ်သည့် လေယာဉ်ပြေးလမ်း အတိုင်းပျံသန်းလာပြီး     ရုတ်တရက်ကွေ့ကာ တစ်ဆက်တည်းပင်  ဒေါင်လိုက်အပေါ်သို့ဆွဲတင်၍  Loop  ထိုးပြီး  လေယာဉ်ပြေးလမ်းသို့    ပြန်လည် ဆင်းသက်သော   ပျံသန်းမှုစွမ်းရည်  ပြသပျံသန်း သည်။     

 


ဆက်လက်၍ ဇီဝိတဒါနငှက်လွှတ်ခြင်း ဆောင် ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တပ်မတော် (လေ) ၏   (၇၅)  နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့    အထိမ်းအမှတ်အဖြစ်   ငှက် အကောင်ရေ  ၇၅   ကောင်တို့ကို  ဘေးမဲ့လွှတ်ပေးကြ ပြီး တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ        ပက်ဖျန်းပေးကြကာ တပ်တော်ဝင်လေယာဉ်၊       ရဟတ်ယာဉ်များကို လှည့်လည်ကြည့်ရှုကြပြီး    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည်   သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်   ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြား ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 


ယနေ့ ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ် ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပါဝင် သည့် Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက် လွန်  ဘက်စုံသုံး  အကြီးစားတိုက်လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)အတွက် ပထမဦးဆုံးစတင်အသုံး ပြုသည့် Heavy Fighter အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။ 

 


FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊  ဝေဟင် - မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊   ပိုင်းဖြတ် တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်း တာဝန်များကို   ထမ်းဆောင်နိုင်ကြောင်း၊   Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး   ရဟတ်ယာဉ်သည် ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာ ပြင်အောက်ရှိ   ရေငုပ်သင်္ဘောများအား   ရှာဖွေ တိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ FT-7 ကြားဖြတ်တိုက်ခိုက် ရေးလေယာဉ်နှင့်   K-8W   လေယာဉ်များသည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့်      အပေါ့စား တိုက်ခိုက်ရေးလေယာဉ်   အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင် ခြင်း၊   အနီးကပ်   လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊     လက်နက်တပ်ဆင် ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်း တာဝန်များကို    ထမ်းဆောင်နိုင်ကြောင်း၊   Y-8 လေယာဉ်သည် သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုး အစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည် သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ ကုန်ပစ္စည်း များ သယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင် ကင်းထောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တာဝန် များကို ထမ်းဆောင်နိုင်ကြောင်းသိရှိရပြီး တပ်မတော် (လေ)   အတွက်   အားသစ်လောင်းသည့်အနေဖြင့် ထပ်မံ၍ တပ်တော်ဝင်ခြင်းဖြစ်ကြောင်းသိရှိရသည်။ 

 


အထိမ်းအမှတ်ပြခန်းဖွင့်လှစ်


ယခုကဲ့သို့ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် ဝေဟင် နှင့် မြေပြင်ကိုသာမက ရေပြင်ကိုပါ ကာကွယ်နိုင်သည့် စွမ်းဆောင်ရည်ရှိသော  လေယာဉ်၊  ရဟတ်ယာဉ် များ    တပ်တော်ဝင်နိုင်ခဲ့ခြင်းသည်   နိုင်ငံတော်နှင့် တပ်မတော်အတွက်   များစွာအကျိုးရှိမည်ဖြစ်သည်။ ထို့အပြင်   ဒီဇင်ဘာ   ၁၄   ရက်  ညနေပိုင်းတွင် လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အဖွဲ့ဝင်များသည် တပ်မတော် (လေ)၏ (၇၅) နှစ်မြောက်  စိန်ရတုနှစ်ပတ်လည်နေ့ နှင့်    လေယာဉ်/ရဟတ်ယာဉ်များ   တပ်တော်ဝင် အခမ်းအနား    အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ဂုဏ်ပြုပြခန်းများ၊ လေတပ်စခန်းဌာနချုပ်အသီးသီးမှ  ဒေသထွက်  အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့်   ဒေသထွက်  ရိုးရာမုန့်အရောင်းဆိုင်ခန်းများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အထိမ်းအမှတ်ပြခန်းနှင့်  အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ     ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ 

 


ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူ များနှင့်အတူ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့    အထိမ်းအမှတ်ပြခန်း အတွင်း ပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်း များ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော် (လေ)ဝတ်စုံများ၊ တပ်မတော်(လေ)သမိုင်းမှတ်တမ်း  ဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန် ထမ်းဆောင်ခဲ့သူများ၏   မှတ်တမ်းဓာတ်ပုံများ၊ သမိုင်းဝင်လေယာဉ်၊  ရဟတ်ယာဉ်များနှင့်   ၎င်းတို့ ဆင်နွှဲခဲ့သည့်   တိုက်ပွဲမှတ်တမ်းများ၊  လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avi-onics ပစ္စည်းများ၊ ခေတ်မီ မျိုးဆက်သစ် တိုက်ခိုက် ရေးလေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိ သည့် လက်နက်၊ ခဲယမ်းများ၊ တပ်မတော် (လေ)မှ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံ များ၊ လေယာဉ်၊  ရဟတ်ယာဉ်များ၊  တပ်တော်ဝင် အခမ်းအနား  မှတ်တမ်းဓာတ်ပုံများ၊  တပ်မတော် (လေ) အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့် ပျိုးထောင်မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) ၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံ များ၊ တပ်မတော်(လေ)၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) အဆက်ဆက်က   ဆုရလေသူရဲများအား   ဆုချီးမြှင့် ပေးအပ်သည့်   မှတ်တမ်းဓာတ်ပုံများ၊  တပ်မတော် (လေ)မှ ထုတ်လုပ်ထားသည့် လေကြောင်းအီလက် ထရောနစ်ဆိုင်ရာ စက်ပစ္စည်းများအား  လှည့်လည် ကြည့်ရှုကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်(လေ)၏ (၇၅) နှစ် မြောက်   စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီး လေတပ်စခန်းဌာနချုပ်များအလိုက်   အမှတ်တရ ပစ္စည်းအရောင်းဆိုင်နှင့်   မြန်မာ့ရိုးရာစားသောက် ဖွယ်ရာအရောင်းဆိုင်၊    စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ  ထုတ်လုပ်သည့်    လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကို  ဆက်လက်ကြည့်ရှုအားပေး ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်