(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်မိတ်ဆုံစားပွဲကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၁
(၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန ဝန်ထမ်း များနှင့်   မိတ်ဆုံစားပွဲကို     ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊   ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ကျင်းပရာ      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊      ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်    အရာထမ်း၊  အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိန်ရတု လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ၂၀၂၃ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် လည်းကောင်း ပညာရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်ကာ ယနေ့အခမ်းအနားကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊   နိုင်ငံ၏ပညာရေး ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကျရာကဏ္ဍတွင် သစ္စာရှိရှိ  တာဝန်ထမ်းဆောင်နေကြသည့် ပညာရေး ဝန်ထမ်းများအားလုံးကို   အသိအမှတ်ပြု၍   အထူး ကျေးဇူးတင်  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊  ပညာ ရေးဝန်ထမ်း  မိသားစုအချင်းချင်း  ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွလက်တွဲ၍  ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားကာ  ပညာရေးဝန်ထမ်း များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အတူတကွ ပျော်ပျော်ပါးပါး  နေလယ်စာ သုံးဆောင်ခဲ့ ကြကြောင်း သိရသည်။                   
 သတင်းစဉ်