(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေးဆပ်ကော်မတီတို့ကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၅


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများ      စီစဉ်ဆောင်ရွက်ရေး   လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌက  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် နေပြည် တော်ကိုယ်စားပြု   ဂုဏ်ပြုယာဉ်တည်ဆောက်ရေး ဆပ်ကော်မတီတို့အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်း အနားကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက်    တပေါင်းကွင်း အတွင်းရှိ ပြခန်းများကွပ်ကဲရေးမှူးရုံး၌ ကျင်းပသည်။

 


ဦးစွာ (၇၅) နှစ်မြောက် အထိမ်းအမှတ်ပြခန်း များ  စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ     ဦးတင်ဦးလွင်က နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် တည်ဆောက် ရေးဆပ်ကော်မတီကို ဂုဏ်ပြုယာဉ် အထူးဆုတံဆိပ်၊  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများ ဆောက်လုပ်ရေး ဆပ်ကော်မတီ   နှင့်   ဖွင့်ပွဲအခမ်းအနား  ကျင်းပရေးဆပ်ကော်မတီ ကို  ဂုဏ်ပြုဆုတံဆိပ်၊  အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့်    နေပြည်တော်  ကိုယ်စားပြုဂုဏ်ပြုယာဉ်       တည်ဆောက်ရေး  ဆပ်ကော်မတီအား       နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ၏ ဂုဏ်ပြုဆုငွေကျပ်သိန်း (၁၀၀)၊ အထိမ်း  အမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် နေပြည်တော်ကိုယ်စားပြုဂုဏ်ပြုယာဉ်        တည် ဆောက်ရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုငွေကျပ်  (၂၅) သိန်းတို့ကို ချီးမြှင့်ရာ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ    ဒုတိယမြို့တော်ဝန်     ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ    အမြဲ တမ်းအတွင်းဝန်    ဦးမျိုးအောင်နှင့်  နေပြည်တော် လမ်းဦးစီးဌာန    ညွှန်ကြားရေးမှူး   ဒေါ်နွယ်နီထွန်း တို့က လက်ခံရယူကြသည်။

 


ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်  ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက   စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်း ချီးမြှင့်ရာ   စစ်အင်ဂျင်နီယာ   ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ   (ပထမတန်း)   ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော်က လည်းကောင်း၊ နေပြည်တော် ကိုယ်စားပြု     ဂုဏ်ပြုပြခန်းများ     အုပ်ချုပ်မှုနှင့်  ပြခန်း/ ဂုဏ်ပြုယာဉ်များ   နေရာစီစဉ်ချထားရေး ဆပ်ကော်မတီအား  ဂုဏ်ပြုဆုတံဆိပ်  ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်      ဦးမြင့်စိုးနှင့် နေပြည်တော်    လမ်းဦးစီးဌာန     ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းတို့က လည်းကောင်း၊ နေပြည်တော်  အထိမ်းအမှတ် ပြခန်းနှင့် ရိုးရာအစားအစာပြခန်းများ  စီစဉ်ဆောင်ရွက်ရေးဆပ်ကော်မတီအား    ဂုဏ်ပြု ဆုတံဆိပ်ချီးမြှင့်ရာ  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီ     ဒုတိယမြို့တော်ဝန်     ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲ တမ်းအတွင်းဝန်     ဦးမျိုးအောင်၊     နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် နေပြည်တော်စက်မှု ကြီးကြပ်   စစ်ဆေးရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးဟိန်းဇော်  တို့ကလည်းကောင်း၊    နေပြည်တော် စည်ပင်သာယာရေးကော်မတီအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ရာ    နေပြည်တော်        စည်ပင်သာယာရေး ကော်မတီ    ဒုတိယမြို့တော်ဝန်     ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ     အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင် တို့ကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီအား    ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ရာ လုံခြုံရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ ကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်းများ စီစဉ် ဆောင်ရွက်ရေး   လုပ်ငန်းကော်မတီအား    ဂုဏ်ပြု ဆုတံဆိပ်  ချီးမြှင့်ရာ လုပ်ငန်းကော်မတီ အတွင်း ရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က လည်းကောင်း လက်ခံရယူကြသည်။

 


ထို့နောက်  နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်ကျင်းပြသထားမှု များကို   လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                   

သတင်းစဉ်