(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်

 

နေပြည်တော်   နိုဝင်ဘာ   ၂၅


(၇၅)   နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ    အောင်မြင်စွာ ကျင်းပနိုင်ရေး     ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုကို ယနေ့ ညနေ ပိုင်းတွင် နေပြည်တော် မြို့တော် ခန်းမ     လဟာပြင်ကဇာတ်ရုံ၌ ပြုလုပ်သည်။

 


ထိုသို့ လေ့ကျင့်နေမှုများကို ၂၀၂၃  ခုနှစ်  (၇၅)   နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ   ပြန်ကြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်း၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဦးတင်ဦးလွင်၊   လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ   ပြန်ကြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးရဲတင့်၊     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်   စည်ပင်သာယာ ရေးကော်မတီ  ဒုတိယမြို့တော်ဝန်  ဦးမောင်မောင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေး ကြသည်။

 


(၇၅)  နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို  နေပြည်တော် မြို့တော်ခန်းမ      လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက် စွာ     ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 


အဆိုပါ    ပဒေသာကပွဲ၏ ဖျော်ဖြေ      တင်ဆက်မှုများကို MRTV- HD၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel၊ MRTV Web & App တို့တွင် ညနေ ၆ နာရီခွဲမှ ည ၈ နာရီ အထိနှင့် ည ၉     နာရီမှ  ည  ၁၁  နာရီအထိ နှစ်ချိန်ခွဲ၍    တိုက်ရိုက်  (LIVE) ထုတ်လွှင့်ပြသသွားမည်   ဖြစ် ကြောင်းနှင့်  ည  ၈နာရီသတင်း ထုတ်လွှင့်ချိန်ဖြစ်သော   ည  ၉ နာရီအထိ  ဖျော်ဖြေခဲ့သည့်   အစီ အစဉ်များကို     ယင်းရုပ်သံလိုင်း များတွင်  နောက်တစ်နေ့  ညနေ ၄   နာရီသတင်းပြီးချိန်မှ  ညနေ ၆ နာရီအတွင်း  Delay   ပြသ သွားမည်ဖြစ်သည်။      


သတင်းစဉ်