
နေပြည်တော် ဒီဇင်ဘာ ၁၅
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရန်၊ မြန်မာ့ဘောလုံး အားကစားလောကအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ် ရွက်ပုန်းသီး (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသ ကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင် ဆက်လက် ကျင်းပရာ U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသ ကြီး အသင်းကို လေးဂိုး၊ တစ်ဂိုး ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။
ဘောလုံးပြိုင်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံး အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး သည်။
ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်း နှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်