
နေပြည်တော် ဒီဇင်ဘာ ၂၈
မြန်မာ့ဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာ စေရန်နှင့် ထူးချွန်ထက်မြက် သည့် ဘောလုံးအားကစားသမား ကောင်းများစွာ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ အသက်(၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက် ကျင်းပသည်။
အဆိုပါပွဲစဉ်များသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phangနော်တောင်နှင့် ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး များ၊ တပ်မတော်မှ အရာရှိကြီး များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှု ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် များ လာရောက်ကြည့်ရှုအားပေး ကြသည်။
ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုး သား) ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီတွင် အားကစားနှင့် လူငယ် ရေးရာဝန်ကြီး ဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်း ကို နှစ်ဂိုး - ဂိုးမရှိဖြင့် လည်း ကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည် ဖြစ်ပြီး ဒီဇင်ဘာ ၃ဝ ရက်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ နံနက် ၇ နာရီခွဲတွင် တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲ ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန အသင်း၊မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး ဘောလုံး အားကစား ဝါသနာရှင်များမည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။
သတင်းစဉ်