(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၇


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက  ကြီးမှူး ကျင်းပသည့် (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေး နေ့   အထိမ်းအမှတ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ  ဘော်လီ ဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် များကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။

 


အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုးနှင့် ဦးရွှေကြိမ်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိပုဂ္ဂိုလ်များနှင့်   အရာ ထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား  ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 


ယနေ့   ဗိုလ်လုပွဲ  ပွဲစဉ်အဖြစ်  ဘော်လီဘော (အမျိုးသမီး) ပွဲစဉ်တွင်  ကာကွယ်ရေးဝန်ကြီးဌာန အသင်းက  အားကစားနှင့်  လူငယ်ရေးရာဝန်ကြီး ဌာနအသင်းကို    သုံးပွဲပြတ်ဖြင့်    လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပွဲစဉ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက     ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆု         ရရှိကြသူများကို အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးအမျိုးသားအားကစားသမားဆု ရရှိကြ သူများကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကလည်းကောင်း တစ်ဦး ချင်းဆုတံဆိပ်နှင့်   ဂုဏ်ပြုဆုငွေများကို  ပေးအပ် ချီးမြှင့်ကြပြီး ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း ကို   အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင်  စတုတ္ထဆုရရှိ သော   လူဝင်မှုကြီးကြပ်ရေးနှင့်      ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်     ဦးရွှေကြိမ်းကလည်းကောင်း ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းစီ ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍  ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို လည်း ကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ ကိုလည်း ကောင်း၊ ပထမဆုရရှိသော  ကာကွယ်ရေးဝန်ကြီး ဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  Jeng Phang နော်တောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ်သိန်း ၃၀ နှင့် ဆုဖလား ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက် ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   စောဒန်နီယယ်က   တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကိုလည်း ကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်းဟာက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမ ဆုရရှိသော   ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး        ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက  တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ်သိန်း  ၃၀ နှင့်  ဆုဖလားကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။

 


၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီ ဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ  ၂၇ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ဝန်ကြီးဌာနအသီးသီးမှ   ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၀  ၊ အမျိုးသမီးအသင်း ကိုးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တစ်မျိုးသားလုံး  ကျန်းမာ ကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီး ဌာနပေါင်းစုံ   အားကစားပြိုင်ပွဲမှတစ်ဆင့်    နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့် ဘော်လီဘောအားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်