(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၃


အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန    အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ   ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍  (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ် နှင့်တိုင်းဒေသကြီး (အလွတ်တန်း ဖိတ်ခေါ်) ဘော်လီဘော (အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီ က     နေပြည်တော်   ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌    ဆက်လက် ကျင်းပရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော     မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊   ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ      ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ အားကစား နှင့်     လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊  ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများနှင့်   အားကစား ဝါသနာရှင်များ       တက်ရောက် ကြည့်ရှုအားပေးကြသည်။

 


အနိုင်ရရှိ


ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘောပြိုင်ပွဲ   ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်     (အမျိုးသမီး)  ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊  (အမျိုးသား) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ   တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

 


ပြိုင်ပွဲများအပြီးတွင်   ဆုချီး မြှင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဘော်လီဘော (အမျိုး သမီး)   ပြိုင်ပွဲတွင်   နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများကို   တိုင်းရင်း သားလူမျိုးများရေးရာ     ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစော ထွန်းအောင်မြင့်က လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ တွင်  နေရာအလိုက်  အကောင်းဆုံး အားကစားသမားဆု     ရရှိခဲ့ကြသူ များကို   အားကစားနှင့်    လူငယ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးမင်းသိန်းဇံကလည်း ကောင်း    ဂုဏ်ပြုချီးမြှင့်ငွေများ ကို ပေးအပ်ချီးမြှင့်သည်။ 

 


တံခွန်စိုက်ဒိုင်းဆုချီးမြှင့်


ထို့နောက်      ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိသော  မကွေးတိုင်းဒေသကြီး အသင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   သက်သက်ခိုင်က ငွေသားဆု ငွေကျပ်  ၁၀  သိန်းကို လည်းကောင်း၊  တတိယဆုရရှိ သော  မန္တလေးတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက  တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသော  စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဦးရွှေကြိမ်းက       တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် သိန်း ၂၀ကိုလည်းကောင်း၊  ပထမ ဆုရရှိသော  ရန်ကုန်တိုင်းဒေသ ကြီးအသင်းကို      နိုင်ငံတော်           စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က   တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ် သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်း ဆုကို ပေးအပ်ချီးမြှင့်သည်။

 


ဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်


ဆက်လက်ပြီး ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသော        ကရင်ပြည်နယ် အသင်းကို  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ညွန့်ဖေက ငွေသားဆု ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊  တတိယ ဆုရရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က      တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုငွေကျပ် ၁၅သိန်းကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသော  မန္တလေးတိုင်းဒေသ ကြီးအသင်းကို     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်  ဦးစိုင်းလုံးဆိုင်က   တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် သိန်း၂၀ကိုလည်းကောင်း၊     ပထမ ဆုရရှိသော  ရန်ကုန်တိုင်းဒေသ ကြီးအသင်းကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင် မန်းငြိမ်းမောင်က    တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ် သိန်း ၃၀ နှင့်   တံခွန်စိုက်ဒိုင်းဆု များကို ပေးအပ်ချီးမြှင့်ပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

 


ကြည့်ရှုအားပေး


ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ် နှင့်တိုင်းဒေသကြီး (အလွတ်တန်း ဖိတ်ခေါ်)  အသက်  (၁၈)  နှစ် အောက် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်း နှင့်   ပဲခူးတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေး ကွင်းအမှတ် (၃) ၌ ရန်ကုန်တိုင်းဒေသကြီး   အသင်း နှင့်  ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊          ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ      တက်ရောက် ကြည့်ရှုအားပေးကြောင်း   သိရ သည်။                    

သတင်းစဉ်