(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် စိတ်ပါဝင်စားသည့်ပြည်သူများ လာရောက်လေ့လာဆင်နွှဲ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၇
(၇၅)  နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ဒုတိယနေ့ကို  ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌  ဆက်လက် ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊  လူငယ်များ၊  ကလေးငယ်များနှင့် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲမည့်သူများ   စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုကြသည်။ 
ယနေ့တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန           နည်းပညာ တက္ကသိုလ်များ၏  ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်းပြကွက် များဖြစ်သော    လေကြောင်းမီး ထောက်လှမ်းရေးစနစ်  ပြကွက်၊ ကျန်းမာရေးအတွက် အားကစား နည်းများကို အဖွဲ့လိုက်နှင့် တစ်ဦး ချင်း       တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သော     Indoor Gymnasium   ပြကွက်၊    လယ် သမားများအတွက်      တီထွင် ထားသော     ကောက်ပဲသီးနှံများ၏ အခြေအနေကို         နေအိမ်မှ Smartphone  (သို့)  Laptop မှ တစ်ဆင့်         စစ်ဆေးနိုင်သည့် နည်းပညာပြကွက်၊   ပစ္စည်းများရွှေ့ပြောင်းပေးခြင်း၊ အရောင်များ ကို ခွဲခြားပေးနိုင်သည့် ဉာဏ်ရည် တုနည်းပညာသုံး စက်ရုပ်ပြကွက် နှင့် အပင်များကို  မြေအသုံးမပြု ဘဲ(မြေမဲ့) အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်း   ပြကွက်များတွင် လူငယ်နှင့်          ကျောင်းသား ကျောင်းသူများသာမက    ဆရာ ဆရာမများ၊   ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်    မိသားစုများပါ စိတ်ဝင်စားစွာဖြင့်    လာရောက် လေ့လာကြည့်ရှုကြသည်။ 
ထို့ပြင် လူနေမှုဘဝ တိုးတက် မြင့်မားစေရန်        ဒစ်ဂျစ်တယ် မြို့တော်တီထွင်ဖန်တီးမှုပြကွက်၊ လူနှင့်တိရစ္ဆာန်များအား Sensors များဖြင့် အပြန်အလှန်ဆက်သွယ် နိုင်သော     နည်းပညာပြကွက်၊ တက်စလာကွိုင်ဖြင့် ကြိုးမဲ့ဓာတ် အားပို့ခြင်းပြကွက်၊ ရေနံချက်စက် ရုံပြကွက်၊    IT   နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသမားများကို စိုက်ပျိုးရေးနှင့် မွေးမြူရေး        သတင်းအချက် အလက်များ ပေးပို့သည့် Ayeyar Farming     Solution    ပြကွက်၊ Network    များ    ချိတ်ဆက် ဆောင်ရွက်ပုံ   ပြကွက်၊   အလို အလျောက် အရောင်ရောစပ်ခြင်း နှင့် ဖြည့်သွင်းပေးသည့် စက်ပြ ကွက်၊ ရေနံချက်စက်ရုံနှင့်စွမ်းအင် ပြောင်းလဲခြင်းပြကွက်၊ နေရောင် ခြည်စွမ်းအင်သုံး        လျှပ်စစ် ဓာတ်အားပေးစနစ်ပြကွက်၊ လုံခြုံ သည့် လူနေအိမ်တစ်ခု ဖန်တီးနိုင် ရန်  Smart  Home နည်းပညာ ပြကွက်များ၌လည်း ကျောင်းသား ကျောင်းသူများ၊  လူငယ်များနှင့် ပြပွဲသို့            စိတ်ပါဝင်စားစွာဖြင့် လာရောက်    လေ့လာကြသည့် ပြည်သူများဖြင့်လည်း   အထူး စည်ကားလျက်ရှိသည်။ 
စာအုပ်စာပေ       ဖတ်ရှုရန် စိတ်အား     ထက်သန်ကြသည့် ကျောင်းသား      ကျောင်းသူများ၊ လူငယ်များ၊    ကလေးငယ်များ အတွက်လည်း     ပြန်ကြားရေး ဝန်ကြီးဌာနနှင့်  သာသနာရေးနှင့် ယဉ်ကျေးမှု    ဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ် ထားပြီး   စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊  ဘဝအောင်မြင် ရေးစာအုပ်များ၊     ကျန်းမာရေး ကဏ္ဍစာအုပ်များ၊         ပညာရပ် ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်များ နှင့် သမိုင်းစာအုပ်များ ခင်းကျင်း ပြသရောင်းချလျက်ရှိရာ    စာပေ ဗဟုသုတများနှင့်    စာပေအသိ ဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့်  စည်ကား လျက်ရှိသည်။
ထိုသို့ အသိပညာဗဟုသုတရရှိ စေမည့်   အစီအစဉ်ကောင်းများ အပြင်  စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး နိုင်ငံ၏  ဘာသာ၊ သာသနာနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တို့ကို    သိရှိစေနိုင်မည့်   အထူး ဖျော်ဖြေရေးအစီအစဉ်များအဖြစ်  ကြီးမြတ်သောမြန်မာ၊  သူ့ကျွန်မ ခံပြီနှင့်   ငဘရုပ်ရှင်ကားများကို လည်း  အနုပညာဆိုင်ရာ   အစီ အစဉ်တစ်ခုအဖြစ်          နေ့ရက် အလိုက်  ပြသဖျော်ဖြေမှုများ၊ အနု ပညာရှင်များ၏  သီဆိုဖျော်ဖြေမှု များ၊   နေပြည်တော်   ကောင်စီ နယ်မြေအတွင်းရှိ  အခြေခံပညာ ကျောင်းများမှ    ကျောင်းသား ကျောင်းသူများ၏          ချစ်စဖွယ် တိုင်းရင်းသားရိုးရာ     ကကွက် များကြောင့်လည်း         ပြပွဲကြီး ကို      ပိုမိုအသက်ဝင်စေခဲ့ကာ       ပြပွဲ   လာရောက်ကြသူများက လည်း    စိတ်အားထက်သန်စွာ   ကြည့်ရှုအားပေးကြသည်။ 
ထို့ပြင်          အထူးအစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး  3D   ရုပ်ရှင်ဇာတ် ကားကြီးဖြစ်သော ကြီးမြတ်သော မြန်မာ          မှတ်တမ်းရသရုပ်ရှင် ဇာတ်ကားကြီး   အောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့ သည့် ရိုက်ကူးရေးသုံးနည်းပညာပစ္စည်းများ၊   ရိုက်ကွင်းကြိုတင် ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များ ကို   ပြည်သူများ  သိရှိနိုင်စေရန် ပြသထားပြီး သိရှိလိုသည်များကို လည်း        အနုပညာရှင်များက လိုက်လံရှင်းလင်း      ပြသပေးကြ သည်။
မြန်မာ့အသံနှင့်      ရုပ်မြင် သံကြားကလည်း  စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုအဖြစ်   ပြည်သူ များ         တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့်         သတင်း စတူဒီယိုအတွင်း သတင်းကြေညာ သည့်        ပုံစံများကို      ပြပွဲသို့ လာရောက်   လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက်         သတင်း ကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ   ရိုက်ကူး နိုင်ရန်  စီစဉ်ဆောင်ရွက်ပေးထား သည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။ 
သတင်းနှင့်      စာနယ်ဇင်း လုပ်ငန်းအနေဖြင့်လည်းပြည်တွင်း နှင့်      နိုင်ငံတကာရှိ သတင်းထူး၊  သတင်းဦးများကို  ဖော်ပြပေးနေ သည့်  နေ့စဉ်ထုတ်သတင်းစာများ ဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ နှင့် The Global New  Light   of   Myanmar    သတင်းစာများကို    www.mdn.gov.mm website နှင့် Mobile Application မှ အချိန် မရွေး အခမဲ့ဖတ်ရှုနိုင်ကြောင်းကို   ပြခန်းဖွင့်လှစ်၍   ပြပွဲလာသူများ သိရှိနိုင်စေရန်   အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။ 
ဧရာဝတီတိုင်း       ဒေသကြီး ဒေသထွက်ကုန်  အစားအစာနှင့် အမှတ်တရပစ္စည်း       အရောင်း ပြခန်း၌လည်း         ပုသိမ်ထီး လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ်  တစ်ခုအနေဖြင့် ပြသပြီး ဒေသထွက်အစားအစာ များဖြစ်သော        ပုသိမ်ဟလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျော ကြော်နှင့်  ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ရာ လာရောက်အားပေး ဝယ်ယူသူများဖြင့်လည်း စည်ကား ခဲ့သည်။ 
မြန်မာနိုင်ငံ  မိခင်နှင့်ကလေး စောင့်ရှောက်ရေး    အသင်းအနေ ဖြင့်လည်း  မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ     မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေ မှုဘဝ    အဆင့်အတန်းမြင့်မား လာစေရေးအတွက်  ဆောင်ရွက် လျက်ရှိသော အခြေအနေများကို မှတ်တမ်းမှတ်ရာများဖြင့် ပြည်သူ များ သိရှိစေရန်  ခင်းကျင်းပြသ လျက်ရှိရာ   စိတ်ဝင်တစားဖြင့် လာရောက်လေ့လာကြသည်။ 
အဆိုပါ          ပွဲတော်ကြီးသို့ လာရောက်  လေ့လာဆင်နွှဲကြ သည့်  လူငယ်များနှင့် ကလေးငယ် များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာန   အသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာ  ကစားနည်း များနှင့်  ပဟေဠိကစားနည်းများ ကို အသိပညာပေးနည်းလမ်းများ တွဲဖက်၍  ကစားစေသည့်အစီ အစဉ်များကိုလည်း  ထည့်သွင်း ထားရာ ကျောင်းသား  ကျောင်းသူ များနှင့်  လူငယ်များ  စိတ်အား ထက်သန်စွာ     ဝင်ရောက်ဆော့ ကစား၍   ကစားနည်းအလိုက် အနိုင်ရရှိသူများကိုလည်း ဆုများ ပြန်လည်ချီးမြှင့်ပေးခဲ့ရာ ပျော်ရွှင် စရာ   အစီအစဉ်ကောင်းတစ်ခု အဖြစ် မြင်တွေ့ရသည်။
ထို့ပြင်       “မူးယစ်ဆေးဝါး ကင်းစင်ဖို့   အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့်      နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်း ယာဉ်ကို အသိပညာပေးပြသထား ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်း ရည်တိုးတက်မြင့်မားရေးဆောင်ရွက်မှုများ၊   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေး ကာတွန်းပုံများ၊  လောင်းကစား ပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက် သော ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူး ပြစ်မှုပြစ်ဒဏ်များကို ပြသထားရာ        ကျောင်းသား ကျောင်းသူများနှင့်    လူငယ်များ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြ သည်။ 
ပြပွဲအတွင်း၌လည်း (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်    လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀   ရာစု  စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း  ခင်းကျင်း ပြသထားလျက်ရှိရာ   ဓာတ်ပုံ ချစ်မြတ်နိုးကြသည့်   ပညာရှင် များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့်    ကြည့်ရှု လေ့လာကြသည်။
အဆိုပါ ပြပွဲအားကျောင်းသား ကျောင်းသူများနှင့်    လူငယ်များ စာအုပ်စာစောင်များကို    တန်ဖိုး ထားဖတ်ရှုလိုစိတ်  ဖြစ်ပေါ်လာ စေရန်နှင့်      စာပေ၏အကျိုး ကျေးဇူးကို သိရှိနိုင်စေရန်၊ ရုပ်ရှင် အနုပညာမှတစ်ဆင့်    မျိုးချစ် စိတ်ဓာတ်နှင့်  အမျိုးဂုဏ်ဇာတိ ဂုဏ်  မြင့်မားစေပြီး လွတ်လပ်ရေး ကြိုးပမ်းမှု   သမိုင်းကြောင်းများ၊  ကိုလိုနီ လက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင် စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားတတ် စေရန်၊  ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်း တည်ငြိမ်မှု၊   သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ် ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသ ကြီး၊ ပြည်နယ်များအပေါ်မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာ စေရန်နှင့်  ပြခန်းများ  ခင်းကျင်း ပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာန အသီးသီးက  ဆောင်ရွက်လျက်ရှိ သော  လုပ်ငန်းများကို   အလွယ် တကူ  သိမြင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့်   ကျင်းပ ခြင်းဖြစ်ကြောင်းလည်း     သိရ သည်။
ထို့ကြောင့်      ကျောင်းသား ကျောင်းသူများ၊     လူငယ်များ၊ ကလေးငယ်များ သိသင့်သိထိုက် သည့်    ကျန်းမာရေး၊   လူမှုရေး၊ ပညာရေး၊   စာပေနှင့်   အနုပညာ ဆိုင်ရာ     အကြောင်းအရာများကို ဦးစားပေး      ကဏ္ဍတစ်ရပ်အဖြစ် ပြသမည့်   လူငယ်နှင့်  စာပေအနု ပညာပြပွဲကို စည်ကားသိုက်မြိုက် စွာ   ဆက်လက်ကျင်းပသွားမည် ဖြစ်သောကြောင့်   လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ 
သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုထိန်၊ ကိုအေးသန်း