(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်းများ၌ အများပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြပြီး အထူးစည်ကားလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၇


၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်      ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  ဂုဏ်ပြုယာဉ်များ၊  အထိမ်း အမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကို   နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်အနီးရှိ   တပေါင်းကွင်း၌    ဆက်လက် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူ များ၊ လူငယ်များ၊ စိန်ရတု လွတ်လပ်ရေးနေ့ဂုဏ်ပြု အခမ်းအနားတွင်   သက်ဆိုင်ရာ   ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့်  ပြည်သူများ   စိတ်ပါ ဝင်စားစွာ  လာရောက်လေ့လာကြည့်ရှုလျက်ရှိကြ သဖြင့် အထူးစည်ကားလျက်ရှိသည်။ 

 


ဂုဏ်ပြုယာဉ်များ


ပြပွဲများသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူများကို သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေး မှုအဖွဲ့များက  ရင်းနှီးနွေးထွေးစွာ   ကြိုဆိုကြပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များနှင့် ဝန်ကြီး ဌာနများအလိုက်  ဂုဏ်ပြုယာဉ်များမှ  တာဝန်ရှိသူ များက ယာဉ်ပေါ်၌ ပြသထားသည့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာ   ဗဟုသုတများ၊    ဒေသန္တရဗဟုသုတများ၊ အထင်ကရနေရာများ၊   ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင်များ၏   ရုပ်တုများ၊   လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဆောင်ရွက်ချက်များကို နွေးထွေးပျူငှာစွာ လိုက်လံရှင်းလင်းပြသပေးကြရာ သံဃာတော်များ၊  သာသနာ့နွယ်ဝင်သီလရှင်များ၊ ကျောင်းသား လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့် မိသားစုများ၊ ပြည်သူများ စိတ်အားထက်သန် စွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြ သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 


သက်ဆိုင်ရာကဏ္ဍအလိုက် ပြခန်းများ


ထို့ပြင် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ   ပြခန်း များနှင့်   ဝန်ကြီးဌာနများအလိုက်   ပြခန်းများမှ တာဝန်ရှိသူများကလည်း ပြခန်းတွင် ပြသထားသည့် တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှု စရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အပန်းဖြေ လည်ပတ်နိုင်သည့်  အထင်ကရနေရာများ၊  ဒေသ ထုတ်ကုန်များ၊ နိုင်ငံတော်၏   သယံဇာတအရင်း အမြစ်များ၊  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ပြည်သူများကို ဝန်ဆောင်မှုများ ပေးလျက်ရှိသည့်   လုပ်ငန်းဆောင်ရွက်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်   မှတ်တမ်းများကို   လိုက်လံ ရှင်းလင်းပြသပေးကြရာ ကြည့်ရှုသူများဖြင့် စည်ကား လျက်ရှိသည်။ 

 


အတူတကွ ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲ


အဆိုပါ ပြခန်းများတွင် အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှ များ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင် စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့်  ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများ၊ ရိုးရာအကအလှများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ယာဉ်ကြီးများရှေ့နှင့်  ပြခန်းများရှေ့၌   ဖျော်ဖြေ တင်ဆက်ကြရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ  ပျော်ရွှင်စွာ  သီဆိုကခုန်ပါဝင် ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ပြပွဲသို့ လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်း ပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင် ဖော်ရွေလှသည့်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ ဂုဏ်ယူစွာ အမှတ်တရ ဓာတ်ပုံရိုက် ကြသူအများအပြားကိုလည်း  တွေ့ရသည်။

 


တိုင်းရင်းသားရိုးရာထုတ်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းချရလျက်ရှိ

ထို့ပြင်  တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက် များ၊  တိုင်းရင်းသားရိုးရာ  အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများကို  ပြည်သူများ    စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန် အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်တစားဖြင့် စားသောက်သူများ၊ ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဝန်ကြီးဌာန များမှ ထွက်ကုန်ထုတ်ကုန် ပစ္စည်းများပြခန်းပေါင်း ၄၀၊   တိုင်းရင်းသားရိုးရာ    ဒေသထွက်အစား အသောက်ပြခန်းပေါင်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်း ဖြင့်ဖွင့်လှစ်၍   နေ့စဉ်    ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင်ပျမ်းမျှ တိုင်းရင်းသားရိုးရာဒေသထွက် အစားအစာ စုစုပေါင်း  သိန်း  ၅၀၀  ကျော်ခန့်၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများ စုစုပေါင်း သိန်း ၁၀၀ ကျော်ခန့်အထိ  ပစ္စည်းများ ပြတ်လပ်သည် အထိရောင်းချရလျက်ရှိကြောင်း သိရှိရသည်။

 


ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊      စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥတ္တရခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ရန်ပုံငွေအရောင်းဆိုင်များကလည်း စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူး ဈေးနှုန်းနှင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ စိတ်ဝင် တစားဝယ်ယူကြသူများ များပြားလျက်ရှိသည်။

 


ဖျော်ဖြေရေးအစီအစဉ်များ၌လည်း တစ်ခဲနက် ပါဝင်ဆင်နွှဲလျက်ရှိ


ထို့ပြင် ကျောင်းသား ကျောင်းသူများ၊ လူငယ် များနှင့် ပြည်သူများ စိတ်ဝင်တစားဖြစ်စေရန်အတွက် လည်း   ပြခန်းများတွင်   ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့်အစီ အစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစား ခြင်းအစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည် ကို တွေ့မြင်ရသည်။ 
ညပိုင်းတွင်  ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့်   ခေတ်ပေါ် တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဦးစီး ဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ် ၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြ ရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

 


ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ လမ်းမကြီး များ၊   အဝိုင်းများတွင်လည်း  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအလံများကို ဂုဏ်ပြုစိုက်ထူထားပြီး ညပိုင်းတွင်လည်း ရောင်စုံ မီးအလှအပများဖြင့်   လှပစွာဂုဏ်ပြုထားရှိကြောင်း တွေ့ရှိရသည်။     

 


အရေးပေါ်အခြေအနေများနှင့် လုံခြုံရေးအတွက် အပြည့်အဝ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ


အဆိုပါဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်း များနှင့် တိုင်းရင်းသားရိုးရာ အစားအစာအရောင်း ပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူ များ  အန္တရာယ်တစ်စုံတစ်ရာ   မဖြစ်ပေါ်စေရန် တပ်မတော်နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်း  လုံခြုံရေးအပြည့်အဝ  ပေးထားသည့်အပြင် ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျန်းမာ ရေး စောင့်ရှောက်မှုများပေးနိုင်ရန်အတွက်  နေပြည် တော်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာ ရေးဆေးအဖွဲ့မှ    ဆေးခန်းဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။ 

 


ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လာရောက် လေ့လာကြည့်ရှုကြသည့် ကျောင်းသား ကျောင်းသူ၊ ပြည်သူများ  ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင် ရန်အတွက် ပွဲတော်သို့လာသည့် လမ်းများ၌ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။

 


မိဘပြည်သူများ (အခမဲ့) လာရောက်လေ့လာကြည့်ရှုအားပေးနိုင်


အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီး ဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုယာဉ်  တစ်စီး၊ ပြည်ထောင်စု နောက်ပိတ် ဂုဏ်ပြုယာဉ် တစ်စီးနှင့် တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ် ငါးစီး စုစု ပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတို့ကို ခင်းကျင်းပြသခြင်း နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း တို့မှ အစားအစာရောင်းချခြင်းတို့ကို ဇန်နဝါရီ ၄ ရက် မှ စတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသ ပေးသွားမည်ဖြစ်၍       မိဘပြည်သူများ  (အခမဲ့) လာရောက်လေ့လာ  ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။                              

 

သတင်းစဉ်