
ရန်ကုန် ဒီဇင်ဘာ ၂၄
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အဖွဲ့ချုပ်ဥက္ကဌဖလား မြင်းစီးအားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ် အားကစားကွင်း၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။
“စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေ နဲ့ ကျင်းပ တာပါ။ နေပြည်တော်မှာ မြင်းစီးအားကစားကွင်းရှိတယ်။ သွားလာရ ခက်ခဲတာကြောင့် မြောက်ဒဂုံ မြင်းစီးကစားကွင်းမှာ စီစဉ် လိုက်ရတာ ပါ။ မြင်း ၄၀ ကျော် ယှဉ်ပြိုင်ဖို့ ခန့်မှန်ထားတယ်။ ယခု မြင်း၂၀ ကျော် ရောက်နေပါပြီ။ အစဉ်အလာကြီးမားတဲ့ စိန်ရတုလွတ်လပ်ရေးနေ့ပွဲမှာ မြင်းစီးအားကစားဝါသနာပါတဲ့ ပုဂ္ဂိုလ်များ လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်”ဟု အဖွဲ့ချုပ်အကြံပေး ဦးသန်း၀င်းက ပြောသည်။ အဆိုပါပြိုင်ပွဲ၌ ရိုးရာဒုန်းမြင်းစီးအားကစားအငယ်တန်း တွင် အမြင့် ၄ ပေ ၁၀ လက်မအောက်၊ အလတ်တန်းတွင် ၄ပေ ၁၀ လက်မ မှ ၅ ပေအထိ၊ အကြီးတန်းတွင် ၅ ပေ၂ လက်မအထက် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြင်းစီးပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးမှ မြင်းစီးအားကစား သမား၂၀ကျော် ရောက်ရှိနေကြောင်း သိရသည်။ ယင်းပြိုင်သို့ ထပ်မံ၀င်ရောက်ယှဉ်ပြိုင်လိုသူများသည် ၀၉-၇၉၅၄၀၈၀၅၊ ၀၉-၅၀၂၁၃၂၈သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။ အာကာစိုး၊ ဓာတ်ပုံ-တင်စိုး