
နေပြည်တော် အောက်တိုဘာ ၂၇
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများ စီစဉ်ဆောင် ရွက်ရေး လုပ်ငန်းတာဝန် (၉)ရပ် ဖြင့် သတ်မှတ်ထားရှိပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများအပြင် ဂုဏ်ပြု ယာဉ်များလည်း စနစ်တကျ နေရာချထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထိမ်းအမှတ် ပြခန်းများ ခင်းကျင်းပြသသည့် နေရာတွင် ဝန်ကြီးဌာန ကိုယ်စား ပြု ပြခန်းများ ၂၄ ခန်း၊ တိုင်း ဒေသကြီး/ပြည်နယ် အထိမ်း အမှတ်ပြခန်းများ ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများ ၁၅ ခန်း စုစုပေါင်း ၅၄ ခန်း လျာထားသတ်မှတ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြခန်းများတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းများနှင့်စပ်လျဉ်း ၍ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များ ဗဟုသုတဖြစ်ဖွယ် ပြည့်ပြည့်စုံစုံ၊ ဝေဝေဆာဆာ ခင်းကျင်းပြသနိုင်ရေး၊ တိုင်းဒေသ ကြီး/ ပြည်နယ် ကိုယ်စားပြု ပြခန်း များနှင့်စပ်လျဉ်း၍ တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ရိုးရာ အထိမ်းအမှတ်များ၊ ယဉ်ကျေးမှု များ၊ ထူးခြားသော ရှေးဟောင်း အမွေအနှစ်လက္ခဏာများ ပြည့်စုံ စွာ ခင်းကျင်းပြသနိုင်ရေး ထူးခြား စွာ တိုင်းပြည်ဝင်ငွေ ရရှိစေသော လုပ်ငန်းများ၊ စားနပ်ရိက္ခာဖူလုံမှု ရှိစေရေး ဆောင်ရွက်ချက်များ၊ အလှပြယာဉ်များနှင့်အတူ အထိမ်း အမှတ် ပြခန်းများအား ယှဉ်တွဲ၍ ခင်းကျင်းပြသဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများအား အများပြည်သူ ဗဟုသုတရဖွယ် ခမ်းနားထည်ဝါ စွာ ခင်းကျင်းပြသနိုင်ရေးအတွက် မိမိတို့ဌာန/ အဖွဲ့အစည်းအလိုက် သတ်မှတ်အချိန်မီ အားသွန် ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြခန်းများစီစဉ်ဆောင် ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဝင်းဖေက လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး များက တိုင်းဒေသကြီးနှင့် ပြည် နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် များ၊ ပြခန်းများ ပြင်ဆင်ဆောင် ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသူများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်