
နေပြည်တော် နိုဝင်ဘာ ၂၉
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ(စတုတ္ထနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။
ပဒေသာကပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ တပ် မတော်မှ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်း မိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက် ရောက် ကြည့်ရှုအားပေးကြ သည်။
သီဆိုကပြဖျော်ဖြေ
ပဒေသာကပွဲတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးမှ အနု ပညာရှင်များက အောင်ယိမ်း၊ ပြန်လည်ထူထောင်ရေး၊ ဗိုလ်ရှု သဘင်၊ စိန်ရတုလွတ်လပ်ရေး နေ့ယိမ်း၊ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မှန်လိုက်တာ ဆရာရယ် ပြဇာတ် ဖြင့်လည်းကောင်း၊ ဥမကွဲ သိုက်မပျက်၊ ပန်းပန်ရင် နန်းဆန် မယ် ကျေးလက်ယိမ်း၊ သူရဲကောင်း အဓိပ္ပာယ်များ၊ ငြိမ်းချမ်းရေး ပန်းခင်း၊ မနောကြည်ချိုမြ ဗြောစည်တိုအက၊ We are Soldier တေးသီချင်း အဆိုအက များဖြင့် လည်းကောင်း၊ မျက်လှည့် အစီအစဉ်ဖြင့် လည်းကောင်း၊ ထာဝရလွတ်လပ်ရေး၊ အောင်မြင် ပါစေ မြန်မာပြည်၊ ပြည်ထောင်စု ကြီးငြိမ်းချမ်းပါစေ တိုင်းရင်း သားယိမ်း၊ ထာဝရသစ္စာ၊ မြန်မာ့ ကြွေးကြော်သံ၊ သာတူညီမျှ တေးသီချင်း အဆိုအကများဖြင့် လည်းကောင်း၊ မြဝတီအငြိမ့် အဖွဲ့၏ ဖျော်ဖြေမှုဖြင့် လည်း ကောင်း ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုဆုငွေချီးမြှင့်
ဖျော်ဖြေတင်ဆက်မှု အပြီး တွင် အနုပညာရှင်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေ ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဖျော်ဖြေရေးကို ကြည့်ရှုအားပေးကြသည့် မိဘ ပြည်သူများက ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို လည်း ကောင်း ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့ စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့ အသက်များ ခံစားနားလည်နိုင်စေ ရန် ရည်ရွယ်၍ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် ပဒေသာ ကပွဲ ကျင်းပရေး ဦးစီးကော်မတီ တို့က ကြီးမှူးပြီး နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ရက် အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်