
နေပြည်တော် ဇန်နဝါရီ ၆
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ် ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် တက်ကြွ စွာ ပါဝင်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်း တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီး အကဲများနှင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဘဝတစ်သက်တာတွင် ဂုဏ်ယူဖွယ်အဖြစ် ကျန်ရစ်နေ မည်ဖြစ်ပါကြောင်း၊ ဂုဏ်ပြု အခမ်းအနားတွင် မိမိတို့ဝန်ကြီး ဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ် ပြခန်းနှင့် အားကစားပြိုင်ပွဲများ တွင် ပါဝင်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် ဆောင် ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ကြီး ဌာန၏ ပုံရိပ်ကိုများစွာ မြှင့်တင် ပေးနိုင်ခဲ့သဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြု အခမ်းအနားတွင် အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့သည့် အထောက်အကူ ပြုအဖွဲ့များမှ ဝန်ထမ်းများကို လည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ရာတွင်ရရှိသည့် အလေ့အကျင့် ကောင်းများ၊ အတွေ့အကြုံကောင်းများကို ရယူ ဆုပ်ကိုင်၍ နိုင်ငံတော်၏ ယန္တရား များ ပိုမိုကောင်းမွန်စွာ အရှိန် အဟုန်မြှင့်တင် လည်ပတ်နိုင်ရေး အတွက် အားသွန်ခွန်စိုက်ဆထက် ထမ်းပိုး ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စစ်ရေးပြ တပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ဝန်ထမ်းများကို လည်း ကောင်း၊ ဒုတိယဝန်ကြီးများ ဖြစ် ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်တို့က ဂုဏ်ပြု ယာဉ်နှင့် အထိမ်းအမှတ်ပြခန်း တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။ ထို့နောက် ဂုဏ်ပြုဆုချီးမြှင့် ခံရသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုယာဉ်တွင် ပါဝင်ကပြခဲ့ကြ သည့် ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ပြိုင်ပွဲဝင်အကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် လာကြသော ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်