
နေပြည်တော် ဒီဇင်ဘာ ၂၇
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စစ်ရေးပြအဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားပြီး ဂုဏ်ပြု ငွေများ ထောက်ပံ့ပေးအပ်သည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ ကြုံတောင့်ကြုံခဲ စိန်ရတုအခမ်း အနားဖြစ်သည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တွင် မိမိဝန်ကြီးဌာနကို ကိုယ်စား ပြု၍ ပါဝင်ချီတက် ဂုဏ်ပြုကြရ မည်ဖြစ်၍ လေ့ကျင့်ထားကြသည့် အတိုင်း စနစ်တကျ သပ်ရပ်လှပ စွာ ပွဲဝင်နိုင်ရေးအတွက် စုစည်း ညီညွတ်စွာ ကြိုးပမ်းသွားကြရန် နှင့် လိုအပ်ချက်များရှိပါက အချိန်မီ တင်ပြကြရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ချီတက်ဂုဏ်ပြုမည့် ဝန်ကြီး ဌာန စစ်ရေးပြအဖွဲ့ဝင်များ အားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် အခမ်းအနားတစ်ခုလုံး အဆင်ပြေ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြော ကြားသည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် ချီတက်ဂုဏ်ပြုမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန စစ်ရေးပြအဖွဲ့ ကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုငွေ များ ထောက်ပံ့ပေးအပ်ရာ စစ်ရေး ပြအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြအဖွဲ့က ချီတက်ဂုဏ်ပြုသွားမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှု သရုပ်ဖော်ဂုဏ်ပြုယာဉ် များဖြင့် တခမ်းတနား ချီတက် ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်