
နေပြည်တော် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင် တောင်သာမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျောက်ကာကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မဟာဗောဓိ ကံထူးအောင်ဆရာတော် ဘဒ္ဒန္တ ညာနိဒ္ဒ၊ အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့တို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါလမ်းမှာ အရှည်ပေ ၃၂၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအမျိုး အစားဖြစ်ပြီး မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ထောက်ပံ့ငွေနှင့် စေတနာ ရှင်ပြည်သူများ၏ လှူဒါန်းမှုတို့ဖြင့် ငွေကျပ်သိန်း ၄၀၀ ကုန်ကျခံ ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်