(၇၅ )နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ဟိုပုံးမြို့၌ကျင်းပ

 

ဟိုပုံး     ဇူလိုင်      ၈


(၇၅) နှစ်မြောက် အာဇာနည်နေ့အကြို  မြိုနယ်အဆင့်  စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဇူလိုင် ၈ ရက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အ‌မှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခွန် ရဲထွေးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

 


 အဆိုပါပြိုင်ပွဲကို ဟိုပုံးမြိုနယ်အတွင်းရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က(ကျောက်တန်း)၊   အ.ထ.က  (စမ်းစုတ်)၊  အ.ထ.က (ကျောက္ကချား)၊ အ.ထ.က (နမ့်ခုတ်)နှင့် အ.ထ.က(ခွဲ) ဆိုက်ခေါင် တို့မှ ကျောင်းသား ကျောင်းသူတို့က  စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ကိုးဦးဇာနည် တို့လွမ်းသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြကြောင်း သိရ သည်။                                                  

 

ပအိုဝ်းဒေသ(ပြန်/ဆက်)