(၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သဘောရေးဖြေစာမေးပွဲကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၂၀


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန် ကြီးဌာနက  ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋ ကဓရ  တိပိဋကကောဝိဒရွေးချယ် ရေးသဘော   ရေးဖြေစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်  သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ ၌   ယနေ့မှစ၍ ဇန်နဝါရီ ၂၄ ရက် အထိ   ငါးရက်တိုင်တိုင်   ဖြေဆို ကျင်းပသွားမည် ဖြစ်သည်၊၊

 


ယနေ့သဘောရေးဖြေစာမေးပွဲ တွင်အဘိဓမ္မာ    (ဒုတိယပိုင်း)စာရင်းသွင်း ခြောက်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာရင်းသွင်း ၁၁ ပါး၊ ဒီဃနိကာယ်စာရင်းသွင်း ၂၈ ပါး၊ ဝိနည်း(ဒုတိယပိုင်း)စာရင်းသွင်း ၅၉ ပါး၊ ဝိနည်း (ပထမပိုင်း)စာရင်း သွင်း အပါး ၉၀ စုစုပေါင်း ဆရာ တော် ၁၉၄ ပါး ဖြေဆိုရန် စာရင်း သွင်းထားပြီး      ယခုလာရောက် ဖြေဆိုသူ ဆရာတော်  အဘိဓမ္မာ (ဒုတိယပိုင်း) ခြောက်ပါး၊  အဘိ ဓမ္မာ(ပထမပိုင်း) ရှစ်ပါး၊ ဒီဃနိ ကာယ်  ၂၇  ပါး၊ ဝိနည်း (ပထမ ပိုင်း) ၇၉ ပါး  စုစုပေါင်း အပါး ၁၂၀  တို့  ဖြေဆိုကြကာ ဝိနည်း (ဒုတိယ ပိုင်း) ၅၉ပါးသည် ဇန်နဝါရီ ၂၂ ရက် မှစ၍ ၂၄ ရက်အထိ ဖြေဆိုကြမည် ဖြစ်ကြောင်း  သတင်းရရှိသည်။ 


ဇော်မင်းလတ်(သတင်းစဉ်)