(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

 

 

နေပြည်တော်  စက်တင်ဘာ  ၁၄


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “လှပသာယာ ပြည်မြန်မာ” ဟူသော  ခေါင်းစဉ်ဖြင့်  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို  မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊  သာယာလှပမှု၊  အေးချမ်းတည်ငြိမ်မှုများ၊  တိုင်းရင်းသားများ၏   စည်းလုံးညီညွတ်မှု များနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်း ရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မx ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ  ပါ၀င်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက်   အကန့်အသတ်မရှိ  ယှဉ်ပြိုင်နိုင်ပြီး   Hard Copy နှင့်  Soft Copy (CD) ကို တစ်ပါတည်း ပူးတွဲပေးပို့ရမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီး သော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများ အား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲ၀င်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ  အမည်၊  မှတ်ပုံတင်အမှတ်၊  နေရပ်လိပ်စာ၊  ဓာတ်ပုံ၏ အကြောင်းအရာ၊   ရိုက်ကူးသည့်နေရာဒေသတို့ကို   ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။    
ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ (ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊   ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။                               သတင်းစဉ်