(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်တွေ    ဒီဇင်ဘာ     ၃၀


၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ညှိနှိုင်းအစည်းအဝေးတွင်    (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့   အခမ်းအနားကျင်းပရေး  ဦးစီး ကော်မတီဥက္ကဋ္ဌ၊      ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ၂၀၂၂ ခုနှစ် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို စစ်တွေ မြို့ ဝေသာလီအားကစားကွင်း၌ စည်ကားသိုက်မြိုက် စွာ   ကျင်းပနိုင်ရေးအတွက်  ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးထား ပြီးဖြစ်ကြောင်း၊ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)တွင် ဆောင်ရွက်ရန်ဆုံးဖြတ်နိုင်ခဲ့သည့် ဆုံးဖြတ်ချက်ပါ အတိုင်း    လုပ်ငန်းကော်မတီအလိုက်   အချိန်နှင့် တစ်ပြေးညီ တိတိကျကျ မြန်မြန်ဆန်ဆန် ပြီးစီးနိုင် အောင်   အချင်းချင်း ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုအစည်းအဝေး တွင်လည်း   လုပ်ငန်းကော်မတီအလိုက်  လုပ်ငန်း တာဝန်များနှင့်    အခြားဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စများအား    အသေးစိတ်ဆွေးနွေး တင်ပြစေလိုကြောင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟမှု မရှိစေရေး ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက(၁/၂၀၂၁)အစည်းအဝေး ဆုံးဖြတ် ချက်များနှင့်    ယခင်နှစ်   အခမ်းအနားများတွင် ဆောင်ရွက်ခဲ့သော ဆောင်ရွက်ခဲ့မှုများကို  ဆွေးနွေး တင်ပြသည်။   ဆက်လက်၍  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့်    အတွင်းရေးမှူးများက   လုပ်ငန်း ကော်မတီအလိုက်    အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ယခင်နှစ် အခမ်းအနားများတွင် ဆောင်ရွက်ခဲ့သော အတွေ့ အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးတင်ပြကြသည်။   တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများ က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား    ပြောကြားခဲ့ကြောင်း   သိရ သည်။ 


တင်ထွန်း(ပြန်/ဆက်)