
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန် မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၄) နှစ် မြောက် အာဇာနည်နေ့ အခမ်း အနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ အခမ်း အနားကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင် ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ရှေးဦးစွာ (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကြသည်။
နှစ်မိနစ် ငြိမ်သက်
ထို့နောက် (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။
တိုင်ဝက်သို့ လျှော့ချလွှင့်ထူ
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြု တပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု ကိုယ်စား (၇၄) နှစ် မြောက် အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စား လှယ်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေ ကြသည်။
လွမ်းသူ့ပန်းခွေချ အလေးပြု
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံ များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ကျေးဇူးတရားကို အောက်မေ့
ယင်းနောက် (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတ်မှတ်ထားသော Social Distancing နှင့်အညီ တစ်ဦးချင်း ခြောက်ပေအကွာမှ စနစ်တကျ တန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
ညွှန်ကြားချက်များနှင့်အညီ ကျင်းပ
၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက် များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်