
နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြု သော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ ပင့်သံဃာတော်များ၊ (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ တွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ဦးမောင်းဟာနှင့် ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာ့နုဂ္ဂဟဘွဲ့ရ အလှူရှင်များ၊ စာမေးပွဲကျင်းပစဉ် လှူဒါန်းသည့် ဆွမ်းအလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ အနုပညာအထက်တန်းကျောင်းက ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ဖြင့် သီကျူးပူဇော်ကြပြီး လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံး ကို တစ်ပြိုင်တည်း ကိုးကြိမ် ထိုးခတ်ပူဇော်သည်။ ယင်းနောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဟင်္သာတမြို့နယ် မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဖတ်ကြားချီးမြှင့်
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သာရဏီယ ဩဝါဒကထာကို ဖတ်ကြားချီးမြှင့်တော်မူသည်။
(နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သာရဏီယ ဩဝါဒကထာကို စာမျက်နှာ ၈ တွင် ဖော်ပြထားပါသည်။)
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များဆက်ကပ်ရာ ဒီဃနိကာယ် သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းမှ အရှင်ဝိသုဒ္ဓနှင့် စစ်ကိုင်းမြို့ မင်းကွန်းမိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းမှ အရှင်ပဏ္ဍဝါလင်္ကာရတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့အား ဆက်ကပ်သည်။
ဆက်ကပ်
ထို့နောက် ဒီဃနိကာယ်သုံးကျမ်း သဘောရေးဖြေ အောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့ မင်းကွန်းတိပိဋကနိကာယကျောင်းမှ အရှင်အာနန္ဒပဏ္ဍိတာလင်္ကာရ၊ ဝိနည်းဒုတိယပိုင်း သုံးကျမ်း သဘောရေးဖြေအောင် ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့ မင်းကွန်းတိပိဋက နိကာယကျောင်းမှ အရှင်မင်္ဂလာစာရ၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းမှ အရှင်နန္ဒိမာ လင်္ကာရနှင့် အရှင်သုမင်္ဂလ၊ ဝိနည်းပထမပိုင်းနှစ်ကျမ်း သဘောရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့ မင်းကွန်းတိပိဋက နိကာယကျောင်းမှ အရှင်ဩဘာသ(ဝက်လက်)၊ အရှင်ပညာသိရီ(ဆီဆိုင်)၊ အရှင်မဏ္ဍလာလင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းမှ အရှင်စန္ဒိမာလင်္ကာရနှင့် အရှင်ပညာသာမီလင်္ကာရ တို့ထံ ကောင်စီဝင် ဦးမောင်းဟာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ် ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
နှစ်စဉ်မပျက်ကျင်းပခဲ့
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါ ယနာတင်ပွဲကျင်းပရာ၌ ပိဋကတ်သုံးပုံအာဂုံဆောင် သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာ စေရန်ရည်ရွယ်၍ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး နှစ်စဉ် မပျက်ကျင်းပခဲ့ကြောင်း၊ တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့တော် ရရှိရန်အတွက် အာဂုံဖြေဆို အောင်မြင်ပြီးမှ သဘောရေးဖြေစာမေးပွဲကို ဖြေဆိုရ ကြောင်း၊ ရဟန်းတော်များနှင့် သာမဏေများသာ ဖြေဆိုခွင့်ရပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီး တန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေ ကျော် တတိယဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင်တန်းကိုဖြစ်စေ တစ်ခုခု အောင်မြင်ပြီးသူဖြစ်ရကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် (၇၃)ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင် ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါး ပေါ်ထွန်းထားကြောင်း၊ သက်ရှိထင်ရှား တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တော်ရ ဆရာတော် ၁၁ ပါးရှိကြောင်းနှင့် တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည်အရှင်သူမြတ် ခုနစ်ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်