
နေပြည်တော် နိုဝင်ဘာ ၇
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် (၇) ကြိမ်မြောက် World One Health Congress 2022 နှင့် တီမာဆက်ဖောင်ဒေးရှင်း ကျန်းမာ ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံ အုပ်ကြီးများနှင့် တာဝန်ရှိ သူများ ပါဝင်သော မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ခြောက်ဦးအဖွဲ့ သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
အဆိုပါ (၇) ကြိမ်မြောက် World One Health Congress 2022 ညီလာခံနှင့် တီမာဆက် ဖောင်ဒေးရှင်း ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အစည်း အဝေးတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးပညာရပ် များ ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှ ပညာရှင်များနှင့် ဆေးရုံများ၏ ကျန်းမာရေးစောင့် ရှောက်မှု အရည်အသွေး မြှင့်တင် ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံများ ဖလှယ်ရမည်ဖြစ်သဖြင့် မိမိနိုင်ငံ ၏ ပြည်သူများအတွက် ကဏ္ဍစုံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် များစွာ အထောက်အကူရနိုင်ပြီး အဆိုပါ ကဏ္ဍများ၌ ပူပေါင်းဆောင်ရွက် နေသူများကိုလည်း အတွေ့အကြုံ ကောင်းများကို ပြန်လည်မျှဝေ ပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်