
နေပြည်တော် ဩဂုတ် ၁၈
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တတိယနေ့ကို ယနေ့တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ပြခန်း ဆောင်၌ ယဉ်ကျေးမှုအက ပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး လာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
GMS ဖိုရမ်သို့တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံ ပြခန်းဆောင်နှင့် မြန်မာ နိုင်ငံမှ ပါဝင်ပြသလျက်ရှိသည့် ပြခန်းများကို လာရောက်ကြည့်ရှု အားပေးကြသည်။
ထို့ပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ ရှစ်ဖွဲ့သည် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး (Logistics)၊ သစ်တောထွက်ကုန် များ၊ နှစ်နိုင်ငံအကြား ကုန်ပစ္စည်း တင်ပို့တင်သွင်းနိုင်မည့် အခြေ အနေများကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းရာတွင် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်နှင့် လိုအပ် သော သတင်းအချက်အလက် များကို အလွယ်တကူ ရှာဖွေရရှိ နိုင်ရန်အတွက် မြန်မာနိုင်ငံ၌ Online Platform များ တည်ထောင်ထားမှု အခြေအနေ နှင့်ပတ်သက်၍ တရုတ်စီးပွား ရေးလုပ်ငန်းရှင်များက သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြသည်။
ကုန်စည်ပြပွဲ တတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများ ဖြင့် စည်ကားခဲ့ပြီး ကုန်စည်ပြပွဲ ကို သြဂုတ် ၂၀ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်