ဘားအံ နိုဝင်ဘာ ၃
၂၀၂၃ ခုနှစ် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို နိုဝင်ဘာ ၇၊ ၈၊ ၉ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စုအားကစားကွင်း၌ နံနက် ၁၀ နာရီခွဲမှ စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည်ချန်ပီယံ သွေးသစ်ဝင်းလှိုင် (Family ဝမ်ချိုင်း) နှင့် ပထမတန်း လက်ဝှေ့ကျော် မန္တလေးသား ကျော်စွာဝင်း (M2K)တို့ တွဲဆိုင်းပါဝင်မည်ဖြစ်သည်။
နိုဝင်ဘာ ၇ ရက် ပွဲစဉ်များအဖြစ် ကျားပေါက် (တန်-၉၀၀)ဘိလပ်မြေစက်ရုံနှင့် အဲမွီ (Top Lethwel Academy)၊မင်းကျော်ဇ (ဇွဲကပင်မြေ) နှင့် ဇွဲရာမာန် (ရိုးရာမာန်)၊ မိုးမြင့်ကျော် (ဇာနည်သွေး) နှင့် ဇွဲထက် အောင် (ဓမ္မဟေဝန်)၊ တိုင်းကျော် (M2K)မန္တလေးနှင့် မင်းကိုနိုင် (Family ဝမ်ချိုင်း)၊ နိုဝင်ဘာ ၈ ရက် ပွဲစဉ် များအဖြစ် ယှူးခလိန်းမီး (ဘိလပ်မြေစက်ရုံ) နှင့် အိုရမ်း(ဖြိုးဝေ Group ထိုင်း)၊ စောမင်းအောင် (တောင်ကလေး)နှင့် အောင်ခိုင် (ဘိလပ်မြေစက်ရုံ)၊ သွေးသစ်အောင် (ဒေါနပွင့်သစ်)နှင့် နေထူးထူး (တောင်ကလေး)၊ ကမ္ဘာရှား(ဇာနည်မောင်)နှင့် သက်ဝင်း အောင် (၃၆၀)၊ သွေးလင်းထက် (ဒေါနတောင်ခြေ) နှင့် စိုးနောင်ဦး (ဖလုံပညာ့တဝေါင့်)၊ စောမြလင်း (အဲကညော)နှင့် စောဂျွန် (နဂါးမာန်)၊ နိုဝင်ဘာ ၉ရက် ပွဲစဉ်များအဖြစ် သွေးသစ်ဝင်းလှိုင် (Family ဝမ်ချိုင်း) နှင့် ကျော်စွာဝင်း (M2K) မန္တလေး၊ ရန်နိုင်ထွန်း (ဇွဲကပင်)နှင့် တောက်ရှား(ဇာထက်မိတ္ထီလာ)၊ သွေးသစ် မောင်(အဖြူရောင်သွေးသစ်) နှင့် မိုးထက်အောင် (Family ဝမ်ချိုင်း)၊ စူပါရေချမ်း(တန်-၉၀၀ ဘိလပ်မြေ စက်ရုံ)နှင့် ထက်နိုင်အောင် (ရွှေသထုံ)၊ စိန်လုံးချော (အောင်နိုင်သူ) နှင့် နက္ခအောင် (ဇွဲကပင်)၊ ရွှေရိုင်း (ရွှေဖူး)နှင့် အောင်ဟိန်း (ရွှေကုက္ကို)၊ အောင်ထက် ဟိန်း (ဇွဲကပင်မြေ) နှင့် ချစ်ဝိုင်းဝိုင်း (ဇာနည်သွေး)၊ လှိုင်းထက်အောင် (ရွှေကုက္ကို) နှင့် ဒေါနကျော်ကျော် (Tiger)တို့ တွဲဆိုင်းများပါဝင် ထိုးသတ်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်များကို OnePlus Creation Face-book page နှင့် Youtube Channel တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)