
ဘားအံ နိုဝင်ဘာ ၇
(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် / ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ (ငြိမ်း)၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)တို့မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းတို့ကို အလေးပြုကြ သည်။
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုး မဟာသရေစည်သူ၊ သတိုး သီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့ အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က ဖတ်ကြားသည်။
အမှာစကားပြောကြား
ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်အမှာစကား ပြော ကြားပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ (၆၈) နှစ် မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ နယ်ခြားစောင့် တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ (ငြိမ်း) ဦးစောအောင်ပွင့်နှင့် မြို့မိမြို့ဖ ဒေါ်နန်းမြင့်တင်တို့က (၆၈) နှစ် မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသူများသည် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောပါ စေကြောင်း သုံးကြိမ် ရွတ်ဆို ကြွေးကြော်(ဆုတောင်း)၍ ငြိမ်းချမ်း ရေးချိုးဖြူငှက် ၆၈ ကောင်ကို လွှတ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့သည် ဘင်ခရာ၊ ပန်းပွားနှင့် ဒုံးအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်၍ တက်ရောက် လာသော ဧည့်သည်တော်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းများ၊ ဒေသထွက်ကုန် အရောင်းပြခန်းများ၊ စက်မှုလက်မှု (MSMEs) ပြခန်းများကို လှည့် လည်ကြည့်ရှုအားပေးကြသည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ကရင် ပြည်နယ် ဝန်ကြီးချုပ်တို့သည် (၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲသို့ တက်ရောက်ပြီး ငှက်ပျော၊ သင်္ဘော၊ မာလကာ၊ ကျောက်ဖရုံ၊ နာနတ်၊ ဘူးသီး၊ ကွမ်းသီး သီးနှံများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် တောင်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက် ချီးမြှင့်အားပေးကြသည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူ များက ကြက်ခြေနီတပ်ဖွဲ့၊ ရေပြင် အသက်ကယ်အဖွဲ့များနှင့် ပြိုင်ပွဲ တွင် အနိုင်ရရှိခဲ့ကြသော အသင်း များကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ကြပြီး အမျိုးသား/သမီး (၃)တက်လှော်၊ အမျိုးသား/သမီး(၅)တက်လှော်၊ အမျိုးသား/ သမီး(၇)တက်လှော်နှင့် နဂါးလှေ အထူး သရုပ်ပြခြင်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စုပေါင်း တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သော မြဝတီလှေလှော်အသင်းကို လည်း ကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည် ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်ကပ်လှူဒါန်း
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်၊ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ဘားအံမြို့ တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များကို လျှောက်ထားကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံ မြို့ သီရိကွင်း၌ ဒုတိယနေ့အဖြစ် ယှဉ်ပြိုင်လျက်ရှိသည့် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကို သွားရောက် ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင် ဒုံးအဖွဲ့ ၁၀ ဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ဒုတိယနေ့ ဒုံးအက ပြိုင်ပွဲတွင် အိန္ဒုတိုက်နယ်ဒုံးအဖွဲ့၊ ဝက်ကြီးတိုက်နယ် မုက္ကဒိစုပေါင်း ဒုံးအဖွဲ့၊ ကော့ပရံဘုန်းတော်ကြီး သင် ပညာရေးကျောင်းဒုံးအဖွဲ့၊ ကော့ကရိတ်မြို့နယ် စုပေါင်း ဒုံးအဖွဲ့၊ ပိုင်ကျုံမြို့ ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ ကော့ပေါ မျိုးဆက်သစ် အားမာန်ဒုံးအဖွဲ့၊ ဘားအံမြို့တော် စုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ BGF တပ်နယ် အမှတ်(၂) ကိုယ်စားပြု ဒိုင်းပြ ကျေးရွာ စုပေါင်းဒုံးအဖွဲ့နှင့် ရွှေကုက္ကိုလ်ကိုယ်စားပြု စုပေါင်း ဒုံးအဖွဲ့များက အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၇ ရက် တွင်လည်း ဒုံးအကများ ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်