
ဘားအံ အောက်တိုဘာ ၂၅
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီး ဌာန ကုသရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ် တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့ အမှတ် (၁) ရပ်ကွက် ကျော်ဇေယျလမ်းရှိ အဆိုပါ ဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက သုံးထပ် တိုးချဲ့ လူနာဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ အဆောက်အဦ ကမ္ပည်းမော်ကွန်း အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ကာ တက်ရောက်လာသူများနှင့် အတူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
အားပေးစကားပြောကြား
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တက်ရောက်လာသူများ သည် သုံးထပ် တိုးချဲ့လူနာ ဆောင်သစ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အဆိုပါ သုံးထပ် တိုးချဲ့ လူနာဆောင်သစ်တွင် တက်ရောက် ဆေးကုသမှုခံယူနေ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်း အားပေးစကားပြောကြား ၍ အာဟာရဖြည့်စွက် အစား အစာများ ထောက်ပံ့ပေးအပ်ကြ သည်။
၇၂ ခုတင်ဆံ့
ပြည်နယ်ပြည်သူ့ ဆေးရုံကြီး (ဘားအံ) တိုးချဲ့လူနာဆောင်သစ် ကို ခွင့်ပြုရန်ပုံငွေကျပ် ၈၁၁ ဒသမ ၁၂ သန်းဖြင့် အလျားပေ ၁၂၀၊ အနံ ၅၆ ပေရှိ RC သုံးထပ် အဆောက်အဦ အမျိုးအစားကို အဆောက်အဦအထူးအဖွဲ့ ၁၃ မှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၇၂ ခုတင်ဆံ့၍ တာဝန်ခံဆရာဝန် ခန်း သုံးခန်း၊ သူနာပြုခန်း သုံးခန်း၊ အသေးစား ဆေးကုခန်း ခြောက် ခန်း၊ မသန်စွမ်းလူနာသန့်စင်ခန်း ခြောက်ခန်း၊ အများသုံးသန့်စင် ခန်း ၂၁ ခန်း၊ အများသုံးရေချိုးခန်း ခြောက်ခန်းနှင့် ဓာတ်လှေကား တစ်စင်းတို့ ပါဝင်ကြောင်း သိရသည်။
ပိုမိုကုသနိုင်တော့မည်
ဖွင့်ပွဲအခမ်းအနားကို သုံးထပ် တိုးချဲ့ လူနာဆောင်သစ် အပေါ် ဆုံးထပ်တွင် ဆက်လက်ကျင်းပ ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ယခုကဲ့သို့ သုံးထပ်တိုးချဲ့လူနာ ဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ သည့်အတွက် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားပြည်သူများ၏ ကျန်းမာရေး နှင့် ကုသရေးဆိုင်ရာ ကိစ္စရပ် များကို ယခင်ကထက်ပိုမိုပြီး ဝန်ဆောင်မှုပေး ကုသနိုင်တော့ မည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်မှု ပြည့်ဝမှသာ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာ ကဏ္ဍများ တွင် လိုအပ်သော ကူညီပံ့ပိုးမှုများ ကို မြှင့်တင်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူး အဖွဲ့ (၁၃) လက်ထောက်ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးမြင့်သူက တည်ဆောက်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပြည်နယ်ပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဘရန်အောင် ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စွာ မြင့်က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး ဆေးရုံ အုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)