
ဘားအံ နိုဝင်ဘာ ၅
(၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ဘားအံမြို့ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
တွဲဆိုင်းပေါင်း ၃၂ ဆိုင်း ပါဝင်ပြီး နယ်စုံဒေသစုံမှ ကလပ်အသင်း ပေါင်းများစွာ ပါဝင်ဆင်နွှဲကြမည့် စိန်ခေါ်ပွဲကြီးလည်းဖြစ်သည်။ အဓိကတွဲဆိုင်းမှာ သွေးသစ်ဝင်းလှိုင် (Family)နှင့် ရွှေခလိန်းမီး(ဘိလပ် မြေစက်ရုံ) တို့ တွဲဆိုင်းဖြစ်သည်။
ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် သွေးသစ်ဝင်းလှိုင် (Family) နှင့် ရွှေ ခလိန်းမီး (ဘိလပ်မြေစက်ရုံ)၊ ကြယ်လင်းအောင် (တောင်ကလေး )နှင့် ရန်နိုင်ထွန်း (ဇွဲကပင်မြေ )၊ သပြေညို (ဘိလပ်မြေစက်ရုံ )နှင့် ရဲသွေး နီ (တောင်ကလေး)၊ ကျားပေါက် (ရန်စစ်ငြိမ်း)နှင့် စောမင်းအောင် (တောင်ကလေး)၊ မိုက်ရိုင်း (ရွှေဖူး)နှင့်ပတ်ကျော်လင်းနိုင်(တိုက်ဂါး)၊ အောင်ခိုင်(ဘိလပ်မြေစက်ရုံ)နှင့် နေထူးထူး (တောင်ကလေး)၊စောမင်းနိုင် (သုံးပန်လှ) နှင့် အောင်နေထူး (တောင်ကလေး)၊ အောင်ရဲလင်း (တိုက်ဂါး) နှင့် စောနိုင်ထွန်း(ရန်စစ်ငြိမ်း )တို့တွဲဆိုင်းများအပါအဝင် တွဲဆိုင်း ၃၂ ဆိုင်းဖြင့် သူနိုင်ကိုယ်နိုင်အပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ပွဲဝေးနေသည့် ပရိသတ်အတွက် အကြိုက်တွေ့မည့် ပွဲကြီးပွဲကောင်းများ ဖြစ်ကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)