(၆၄)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်   ၂၃


(၆၄) ကြိမ်မြောက် ကမ္ဘာ့မိုးလေ ဝသနေ့   အထိမ်းအမှတ်အခမ်း အနားကို  ယနေ့   နံနက်ပိုင်းက နေပြည်တော်    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန    ရုံး အမှတ်(၅)၌ ကျင်းပရာ အခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒုတိယ ဝန်ကြီးချုပ်နှင့်     ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်  သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး  ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့်   လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ   ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့်   သက်ဆိုင် သောဌာနများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသောဧည့်သည် တော်များ  တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်    ဒုတိယ ဝန်ကြီးချုပ်နှင့်      ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက   ကမ္ဘာ့ မိုးလေဝသနေ့   အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်း လုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့မိုးလေဝသ နေ့ဆောင်ပုဒ်မှာ    “ရာသီဥတု ကောင်းမွန်ရေး    အလေးထား ဆောင်ရွက်ပေး (At the frontline of  climate  action)”    ဖြစ်ပါ ကြောင်း၊  ယခုအခါ   ရာသီဥတု ပြောင်းလဲမှုကြောင့်   မိုးလေဝသ၊ ဇလဗေဒနှင့်    ရာသီဥတုဆိုင်ရာ အစွန်းရောက်   ဖြစ်စဉ်များသည် ကမ္ဘာ့နေရာ    အနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူး သဖြင့် ကျွန်းနိုင်ငံများ၊  ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့်     ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ် ပါကြောင်း၊     ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ် (World Meteorological Organization–WMO)၏ ထုတ်ပြန် ချက်များအရ  ၂၀၂၃  ခုနှစ်သည် နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ကမ္ဘာ့ အပူဆုံးနှစ်အဖြစ်   မှတ်တမ်းဝင် ထားပါကြောင်း။ 
၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကိုးနှစ်တာကာလသည်  အပူဆုံး ကိုးနှစ်အဖြစ်   မှတ်တမ်းဝင်ခဲ့ပါ ကြောင်း၊ အပူချိန်မြင့်တက်လာမှု များကြောင့်  သမုဒ္ဒရာများ  ပူနွေး လာခြင်း၊    ရေခဲတောင်များနှင့် ရေခဲလွှာများ အရည်ပျော်ခြင်းတို့ဖြစ်ပေါ်စေပြီး   ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်သည် ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်ထိ   မှတ်တမ်းများ အရ ၂၀၂၃ ခုနှစ်တွင်   စံချိန်တင် မြင့်တက်လာပါကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ခုနှစ်သည် အားအသင့် အတင့်မှ အားကောင်းသောအယ်လ် နီညိုနှစ်ဖြစ်ပြီး  ၂၀၂၃ ခုနှစ်တွင် အပူချိန် စံချိန်သစ်များတင်ခဲ့ကာ ၂၀၂၄  ခုနှစ်သည်လည်း    ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်းလာနိုင်မည် ဟု  ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ အရပ်ရပ်ရှိ မိုးလေဝသနှင့် ရာသီ ဥတုဖြစ်စဉ်များအပေါ် သက်ရောက် လေ့ရှိသည့်အတွက်  မြန်မာနိုင်ငံ အနေဖြင့်လည်း   နွေကာလများ တွင် ပူပြင်းခြောက်သွေ့ခြင်းနှင့် မိုးခေါင်၍ ရေရှားပါးမှုပြဿနာများ ကြုံတွေ့ရခြင်း၊    မိုးကာလများ တွင် အနောက်တောင်မုတ်သုံလေ အဝင် နောက်ကျခြင်း၊ မုတ်သုံလေ အင်အားနည်းခြင်း၊     မုတ်သုံမိုး နည်းခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း စသည့်အစွန်းရောက် မိုးလေဝသနှင့်   ရာသီဥတုဆိုင်ရာ ပြဿနာများ  ကြုံတွေ့ရတတ်ပါ ကြောင်း၊  ရာသီဥတုပြောင်းလဲမှု ကြောင့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များနှင့်  ဘေးအန္တရာယ် များ    လျော့ပါးသက်သာစေပြီး နောင်အနာဂတ်တွင် ပိုမိုကောင်းမွန် သည့်ရာသီဥတုများ ပိုင်ဆိုင်နိုင်စေ ရန် နိုင်ငံတွင်းသာမက ဒေသတွင်း နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ နှင့်အတူ ပြည်သူများ၊ သက်ဆိုင် ရာအဖွဲ့အစည်းများက  ပူးပေါင်း ဆောင်ရွက်မှု   တိုးမြှင့်ရန်လိုအပ် ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန   အနေဖြင့် လည်း  မိုးလေဝသနှင့်   ဇလဗေဒ ဆိုင်ရာ ခန့်မှန်းချက်များကို   ပိုမို တိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင် ရန်အတွက်  နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကို   ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်နှင့်     အတူ  မိတ်ဖက်နိုင်ငံများနှင့်     ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။
ထို့နောက် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏  အထွေထွေအတွင်း ရေးမှူးချုပ် Prof. Celeste Saulo က ပေးသို့သောသဝဏ်လွှာဗီဒီယို နှင့်  မိုးလေဝသနှင့်   ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ Video Clip တို့ကိုပြသပြီး  ကမ္ဘာ့မိုးလေဝသ နေ့  အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင်    ပထမ၊ ဒုတိယ၊   တတိယဆုရရှိသူများ ကို     ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက   ဆုများ ချီးမြှင့်ပေးအပ်ပြီး ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသော  မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏   အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။ 
မွန်းလွဲပိုင်းတွင်  မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ် ဆိုင်ရာ   စာတမ်း   ၁၅   စောင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ အရာထမ်း/ အမှုထမ်းများ က  ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်