(၆) ကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ညီလာခံ (6th MFF Congress 2023) ကျင်းပ

 

ရန်ကုန်  ဒီဇင်ဘာ  ၃၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက် ညီလာခံ (6th MFF  Congress  2023)   ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ က Video Conferencing ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်း သိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ   Shaikh  Salman  Bin Ebrahin1  Al  Khalifa ၊  အာရှ ဘောလုံးအဖွဲ့ချုပ်  အကြီးတန်း ဒုဥက္ကဋ္ဌ၊   မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ      ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း နှင့်   တာဝန်ရှိသူများ၊  မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန် ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူ များ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီး မှ  တာဝန်ရှိသူများ  တက်ရောက် သည်။
ညီလာခံတွင်    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ       ဥက္ကဋ္ဌ၊ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  (ယာပုံ)၊      အာရှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ     Shaikh  Salman  Bin  Ebrahin1   Al Khalifa    တို့က    အမှာစကား ပြောကြားပြီး အာရှဘောလုံးအဖွဲ့ ချုပ်အကြီးတန်း ဒုဥက္ကဋ္ဌ၊     မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌ    ဦးဇော်ဇော်က   ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ဆက်လက်၍    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်       ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်း များနှင့်ဘဏ္ဍာရေး   အခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ၂၀၂၃ ခုနှစ် ငွေစာရင်း  ရှင်းလင်း ချက်အရ   မြန်မာနိုင်ငံ  ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ၏  စိုက်ထုတ်ငွေ အမေရိကန်ဒေါ်လာ ၁၈၂၅၅၃၃ အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးငွေ  အမေရိကန် ဒေါ်လာ   ၁၈၅၇၈၈၄၊   အာရှ ဘောလုံးအဖွဲ့ချုပ်၏   ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ   ၆၀၉၉၀၆၊ အာဆီယံ  ဘောလုံးအဖွဲ့ချုပ်၏  ပံ့ပိုးငွေ     အမေရိကန်ဒေါ်လာ ၉၂၅၉၀၊ ဥရောပဘောလုံးအဖွဲ့ချုပ် ၏ ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ ၂၂၃၂၄၊ စပွန်ဆာနှင့် အခြားဝင်ငွေ အဖြစ်         အမေရိကန်ဒေါ်လာ ၇၁၁၈၂၈ ဖြင့်   ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၁၇၄၈၀  ဖြစ်ကြောင်း သိရသည်။ လည်ပတ် သုံးစွဲငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ   ၆၁၈၃၇၃၄   ဖြစ်သော ကြောင့် လိုငွေ အမေရိကန်ဒေါ်လာ ၆၆၆၂၅၅   ရှိကြောင်း  တွေ့ရှိရ သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းနှင့် ပတ်သက်၍ ပြင်ပ စာရင်းစစ်အဖွဲ့၏   ၂၀၂၂   ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာအား JF  Group  (Audit  Firm)  မှ Managing Partner ဦးဝမ်တင်က ရှင်းလင်းတင်ပြသည်။      ယင်း နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်        ဖွဲ့စည်းပုံစည်းမျဉ်းများ Statutes of Myanmar Football Federation [Edition – 2023] နှင့်စပ်လျဉ်း၍       ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ဆက်လက်ရှင်းလင်းတင်ပြသည်။ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ၏    ရှင်းလင်းတင်ပြချက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်  အလုပ် အမှုဆောင်   ရွေးကောက်ပွဲအား လာမည့် ၂၀၂၄ ခုနှစ် မတ်  ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း   ထည့်သွင်းကြေညာသည်။
ညီလာခံတွင်   ၂၀၂၄  ခုနှစ် အတွက်  ရငွေ/သုံးငွေ  ကြိုတင် ရေးဆွဲခြင်းကို  ရှင်းလင်းတင်ပြ ခြင်း၊  ဆန္ဒမဲ  ရေတွက်ခြင်းနှင့် အတည်ပြုချက်များ     ရယူခြင်း စသည့်     ကွန်ဂရက်အစီအစဉ် များကို    ဆက်လက်ကျင်းပခဲ့ ပြီးနောက်  အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်       ဥက္ကဋ္ဌ ဦးဇော်ဇော်က  နိဂုံးချုပ်စကား ပြောကြားသည်။
ကိုညီလေး၊ ဓာတ်ပုံ-MFF