(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြု ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ပဲခူး စက်တင်ဘာ ၁၉


ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌  စက်တင်ဘာ ၁၇ ရက်က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ   စုပေါင်း သန့်ရှင်းရေး  ပြုလုပ်ကြသည်။


စုပေါင်းသန့်ရှင်းရေး     ပြုလုပ်ရာတွင်      တိုင်း ဒေသကြီး    ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး    ကျော်ထွဋ်၏ ဦးဆောင်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  တိုင်းအကူရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊    သတင်း ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ လူကုန် တားရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့ ဝင်များ၊ အမှတ်(၁) လုံခြုံရေးရဲတပ်ခွဲ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ ရင်ပြင်နှင့် ဓမ္မာရုံများတွင် တံမြက်စည်း လှဲခြင်း၊ ဂြိုဟ်တိုင်များရှိ ရုပ်ပွားတော်မြတ်များတွင် ရေသပ္ပာယ်ခြင်း၊ ဘုရားပန်းအိုးများ      ဆေးကြော သန့်စင်ပေးခြင်း၊    စေတီတော်    အထက်ပစ္စယံတွင် သန့်ရှင်းရေးပြုလုပ်ပြီး    ရေညှိများကို   ရှင်းလင်းခြင်း များ စုပေါင်းပြုလုပ်ကြသည်။


အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊  တိုင်းဒေသကြီး   ရဲတပ်ဖွဲ့မှူး    ရဲမှူးကြီးနှင့် အရာရှိကြီးများက လိုက်လံကြည့်ရှုပြီး သန့်ရှင်းရေး ပြုလုပ်သည့်   တပ်ဖွဲ့ဝင်များအား     ကောက်ညှင်းပေါင်း များဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။


တိုင်းဒေသကြီး
(ပြန်/ဆက်)